လီဗာပူးလ်ကိုရှုံးအပြီး ချက်ချင်းပဲနိုင်ပွဲပြန်ရခဲ့တာပါ။

အာဆင်နယ်ကစားသမားနှစ်ဦးစလုံးက ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားအောင် လုပ်ပြခဲ့ကြပြီး တဦးကကာကွယ်ပေးခဲ့ကာ နောက်တဦးက တက်တက်စင်အောင်လွဲချော်ခဲ့ပါတယ်။ 


ပထမပိုင်းမှာ ရမ့်စ်ဒေးလ်ရဲ့ အံ့မခန်းကာကွယ်မှုသာမရှိခဲ့ရင် ဒီပွဲရလဒ်က အပြောင်းအလဲဖြစ်နိုင်ခဲ့သလို အော်ဘာမီယန်းရဲ့ အပိုင်ဂိုးလည်းမလွဲခဲ့ဘူးဆိုရင် အာဆင်နယ်ရဲ့အနိုင်ရလဒ်က ပိုပြတ်သားဖို့ရှိခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကစားသမားနှစ်ဦးစလုံးက ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားအောင် လုပ်ပြခဲ့ကြပြီး တဦးကကာကွယ်ပေးခဲ့ကာ နောက်တဦးက တက်တက်စင်အောင်လွဲချော်ခဲ့ပါတယ်။ 



နည်းပြသစ်အက်ဒီဟိုဝီ စတင်ကိုင်တွယ်ခဲ့ပေမယ့် နယူးကာဆယ်ခြေစွမ်းက အထင်ကြီးစရာတော့မရှိခဲ့ပါဘူး။ အာဆင်နယ်ကပဲ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူထားပြီး ပွဲကိုလွှမ်းမိုးထားခဲ့ပါတယ်။ ရမ့်စ်ဒေးလ်ကာကွယ်ခဲ့တဲ့တလုံးသာ နယူးကာဆယ်တို့ ဂိုးရလုနီးနီးဖြစ်ခဲ့ပြီး အာဆင်နယ်က သူတို့အိမ်ကွင်းမှာ ပိုပြီးဖိအားပေးနိုင်ခဲ့ပါတယ်။ 

ဆာကာရဲ့ဂိုးရသွားခဲ့တာက အာဆင်နယ်အတွက် စိတ်အေးလက်အေးကစားရဖို့ဖြစ်ခဲ့ပြီး ပွဲကိုပိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာ ဂိုးတွေပေးခဲ့ရတဲ့ ခံစစ်ကလည်း အမှားအယွင်းမရှိခဲ့ဘဲ နယူးကာဆယ်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကစားကွက်အသာစီးရယူနေရင်းနဲ့ပဲ အာဆင်နယ်အတွက် မာတင်နယ်လီက နောက်တစ်ဂိုးထပ်သွင်းပေးခဲ့လို့ ပွဲကပြီးသလောက်ဖြစ်သွားခဲ့ပါတယ်။ 

ဆာကာ၊ စမစ်ရိုးနဲ့ မာတင်နယ်လီတို့ကစားသမားတွေ ပြိုင်တူခြေစွမ်းပြလာတာက အာတီတာအတွက် စိတ်ကျေနပ်စရာကောင်းသလို ရလဒ်ပိုင်းတွေပါ တိုးတက်လာနေတာပါ။ ဒီကစားသမားတွေက အသင်းရဲ့ ကျောရိုးတွေဖြစ်လာခဲ့ပြီး လက်ရှိခြေစွမ်းကိုသာ ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် အချိန်အကြာကြီးအကျိုးပြုနိုင်မယ့်သူတွေလည်းဖြစ်လာဖို့ရှိနေပါတယ်။ 

မာတင်နယ်လီရဲ့ဂိုးက တော်တော်လေးလှပပြီး အချိတ်အဆက်မိခဲ့တာပါ။ လူစားဝင်လာပြီး စက္ကန့် ၉၃ စက္ကန့်အကြာမှာပဲ သူ့ရဲ့ဒုတိယမြောက်ထိချက်ကနေ ဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ အာဆင်နယ်တို့ ၂-၀ နဲ့ နိုင်ပွဲရခဲ့ပြီး လီဗာပူးလ်ကိုရှုံးနိမ့်မှုကနေ ရုန်းထွက်လာနိုင်ခဲ့ကာ အဆင့်ငါးနေရာကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က