အင်တာမိုင်ယာမီလေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ခဲ့ရတာပါ။

အားလပ်ရက်ရထားပေမယ့် မက်ဆီဟာ အင်တာမိုင်ယာမီလေ့ကျင့်ရေးကွင်းမှာ တဦးတည်း လေ့ကျင့်မှုတွေ ဆက်တိုက်ဆိုသလို လုပ်နေပါတယ်။ လာမယ့် မေဂျာလိဂ်ရာသီသစ်အတွက်၊ ကိုပါအမေရိကဖလားအတွက် ရည်ရွယ်ပြီး သူ့ရဲ့ ကြံ့ခိုင်မှုကို အကောင်းဆုံးဖြစ်‌အောင် အားထုတ်နေတယ်လို့လည်း နီးစပ်သူတွေက ပြောဆိုခဲ့ပါတယ်။ 

မက်ဆီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အပြင်မကြာခဏထွက်ကာ လည်ပတ်ခဲ့ပါတယ်။ သားဖြစ်သူရဲ့ ပွဲတွေကိုလည်း လိုက်လံအားပေးရင်း အနားယူနေခဲ့တာပါ။ အခုတော့ သူက လေ့ကျင့်မှုတွေ ပြန်လည်စတင်နေပြီဖြစ်ပြီး ရာသီသစ်မှာ အသင့်ဖြစ်နေဖို့ ပြင်ဆင်နေပါပြီ။ 

လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အယ်လ်နာဆာနဲ့ ခြေစမ်းပွဲကစားဖို့ ရှိနေကာ‌ ရော်နယ်ဒိုနဲ့ သူ့ကြားမှာ အားပြိုင်မှုတွေ မြင်တွေ့ရဦးမှာပါ။ မက်ဆီက ကစားသမားဘ၀မှာ ပထမဆုံးအကြိမ် အားလပ်ရက်ရှည်ရရှိထားခဲ့တာဖြစ်ပြီး အာဂျင်တီးနားကို ပြန်အနားယူဖို့လည်း ရှိနေသေးတယ်လို့ သိရပါတယ်။ 

အင်တာမိုင်ယာမီဟာ ကွန်ကာကပ်ချန်ပီယံဖလား ၁၆ သင်းအဆင့်ပွဲကို ကစားရဖို့လည်းရှိနေပြီး နက်ရှ်ဗီလ် ဒါမှမဟုတ် မိုကာအသင်းတို့နဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ မေဂျာလိဂ်ရာသီသစ်ကိုတော့ ဖေဖော်ဝါရီထဲမှာ စတင်မှာဖြစ်ပြီး လာမယ့်ရာသီမှာ အင်တာမိုင်ယာမီကို သူ ဆုဖလားရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။ 

Share

Loading Next Article...
က္က