အာဆင်နယ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်နိုင်ခဲ့ပြီးနောက် လာမယ့် ၂၀၂၃-၂၀၂၄ ရာသီမှာ ကြီးမားတဲ့ စိတ်ပျက်စရာနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ စူပါကွန်ပျူတာက ဟောကိန်းထုတ်ခဲ့ပါတယ်။
ဂန်းနားတွေဟာ ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေဆဲဖြစ်ပြီး ဆုဖလားကို ရယူနိုင်ဖို့အတွက် ကြိုးပမ်းမှုမှာ ကြီးမားတဲ့ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အမှတ်ပေးဖလားကို ရယူနိုင်တဲ့အနေအထားရှိနေဆဲ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ ဗုဒ္ဓဟူးနေ့ညက အစ်တီဟတ်မှာ အာဆင်နယ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အရေးကြီးတဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းနဲ့ ၂ မှတ်အကွာမှာ ၂ ပွဲလျော့နဲ့ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
စူပါကွန်ပျူတာက လက်ရှိမှာတော့ အာဆင်နယ်ဟာ လာမယ့်ရာသီမှာ အာတီတာလက်အောက် နောက်ကြောင်းပြန်သွားမယ်လို့ ယုံကြည်နေပြီး ဂန်းနားတွေဟာ ထိပ်ဆုံး ၄ နေရာအပြင်ဘက်မှာ ရာသီပြီးဆုံးလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အဆင့် ၅ နေရာမှာ အံ့အားသင့်ဖွယ် ရာသီပြီးဆုံးလိမ့်မယ်လို့ ဟောကိန်းထုတ်ခံခဲ့ရပြီး နယူးကာဆယ် ယူနိုက်တက်ကတော့ အဆင့် ၂ နေရာကနေ မန်ချက်စတာစီးတီးကို လာမယ့်ရာသီမှာ ဆုဖလားအတွက် စိန်ခေါ်နိုင်မယ်လို့ တစ်ကြိုပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ဟာ အဆင့် ၃၊ ၄ နေရာမှာ အသီးသီး ရပ်တည်နိုင်မှာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းက အဆင့် ၇၊ ချဲလ်ဆီးအသင်းက အဆင့် ၆ နေရာမှာ ရပ်တည်နိုင်လိမ့်မယ်လို့ သိရပါတယ်။
၂၀၂၃-၂၀၂၄ ရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအတွက် စူပါကွန်ပျူတာရဲ့ ဟောကိန်း
၂၀။ ရှက်ဖီးယူနိုက်တက်(တန်းဆင်း)
၁၉။ ဘန်လေ(တန်းဆင်း)
၁၈။ မစ်ဒယ်ဘရော့(တန်းဆင်း)
၁၇။ လိဒ်စ်ယူနိုက်တက်
၁၆။ ဘုန်းမောက်
၁၅။ ဖူလ်ဟမ်
၁၄။လက်စတာစီးတီး
၁၃။ ဝုလ်ဗ်စ်
၁၂။ ခရစ္စတယ် ပဲလေ့စ်
၁၁။ ဝက်စ်ဟမ်း ယူနိုက်တက်
၁၀။ ဘရန့်တ်ဖို့ဒ်
၉။ အက်စတန် ဗီလာ
၈။ ဘရိုက်တန်
၇။ တော့တင်ဟမ်ဟော့စပါး
၆။ ချဲလ်ဆီး
၅။ အာဆင်နယ်(ယူရိုပါလိဂ်)
၄။ လီဗာပူးလ်(ချန်ပီယံလိဂ်)
၃။ မန်ချက်စတာယူနိုက်တက်(ချန်ပီယံလိဂ်)
၂။ နယူးကာဆယ်(ချန်ပီယံလိဂ်)
၁။ မန်ချက်စတာစီးတီး(ချန်ပီယံ)