လာမယ့်ရာသီကို နူးကမ့်ကွင်းအဝေးမှာ ကုန်ဆုံးသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စပိန်လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာဟာ ၎င်းတို့ရဲ့ ကျော်ကြားတဲ့ အိမ်ကွင်းကို ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ ပြုလုပ်သွားဖို့ စီစဉ်နေတာကြောင့် လာမယ့်ရာသီကို နူးကမ့်ကွင်းအဝေးမှာ ကုန်ဆုံးသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

ဒီဆုံးဖြတ်ချက်ဟာ ကြာသပတေးနေ့မှာ အသင်းဘုတ်အဖွဲ့က ၎င်းတို့ရဲ့ ကွင်းကို တိုးတက်အောင် လုပ်ဆောင်မယ့် အစီအစဉ်ကို ခွင့်ပြုချက်ပေးခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဘာစီလိုနာရဲ့ စီနီယာတာဝန်ရှိသူတွေဟာ Espai Barca ပရောဂျက်ကို စတင်ဖို့အတွက် မီးစိမ်းပြလိုက်တာ ဖြစ်ပါတယ်။

 

ပြန်လည်ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ယူအက်စ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Goldman Sachs and JP Morgan က ထောက်ပံ့ပေးထားတာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ကွင်းကို ပြုပြင်မွမ်းမံဖို့အတွက် ပေါင် ၁.၃ ဘီလီယံအထိ ရရှိသွားမှာဖြစ်ပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ယူအက်စ်ကုမ္ပဏီနဲ့ ဘာစီလိုနာတို့အသင်းကြား နောက်ဆုံးသဘောတူညီမှုက မကြာမီအချိန်အတွင်း ရရှိလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရပြီး လာမယ့် ၂၄ နာရီအတွင်း တရားဝင်ကြေညာသွားမယ်လို့ သိရပါတယ်။

 

ကြာသပတေးနေ့မှာ ကတ်တလန်ကလပ်အသင်းက မြို့တော်ကောင်စီနဲ့ ယူအီးအက်ဖ်အေတို့ကို ၂၀၂၃-၂၀၂၄ ရာသီအတွင်း ၎င်းတို့ရဲ့ အိမ်ကွင်းပွဲစဉ်တွေကို Estadi Lluis Companys ကွင်းမှာ ကစားသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဒီတစ်ကြိမ်ဟာ ၁၉၅၇ ခုနှစ်နောက်ပိုင်း ဘာစီလိုနာအသင်းက နူးကမ့်ကို အိမ်ကွင်းအဖြစ် အသုံးမပြုတာ ပထမဆုံးအကြိမ်ဖြစ်လာတော့မှာဖြစ်ပြီး Estadi Lluis Companys ကွင်းဟာ ၁၉၉၂ အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပခဲ့တဲ့ ပရိသတ် ၅၅၀၀၀ ဝင်ဆံ့တဲ့ ဘာစီလိုနာမြို့လယ်ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က