လက်ရှိဘောလုံးရာသီတောင် မပြီးဆုံးသေးခင် ပြောလိုက်တာပါ။

မန်ချက်စတာယူနိုက်တက်နောက်ခံလူ လုခ်ရှောက လာမယ့်ရာသီမှာ သူတို့ရဲ့ အဓိကရည်မှန်းချက်က ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ လက်ရှိဘောလုံးရာသီ မကုန်ဆုံးသေးပေမယ့် လုခ်ရှောက လာမယ့်ရာသီ အသင်းရဲ့ မျှော်မှန်းချက်ကို ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။ 

လုခ်ရှောက ဒီလိုပြောခဲ့ပေမယ့်လည်း ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိဖို့ဆိုရင် ဒီနေ့ကစားရမယ့် ချယ်လ်ဆီးနဲ့ပွဲမှာ အနည်းဆုံးသရေတမှတ်ရရှိထားဖို့တော့ လိုအပ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ ကာရာဘောင်းဖလားကို ဆွတ်ခူးထားပြီး အက်ဖ်အေဖလားဗိုလ်လုပွဲတက်ရောက်ထားကာ မန်စီးတီးနဲ့ ရင်ဆိုင်ရဖို့လည်း ရှိနေပါတယ်။ 

"လာမယ့်ရာသီအစမှာ ကျနော်တို့ရဲ့ ပစ်မှတ်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပါ၊ ကျနော်တို့ ပြန်လာနေပြီဆိုတာကို အားလုံးပဲ တွေ့မြင်မယ်ထင်ပါတယ်၊ နည်းပြသစ်လက်ထက် ပထမဆုံးရာသိမှာ အမြဲတမ်းအပြောင်းအလဲတွေရှိပါတယ်၊ သူဘာတွေယူလာလဲ၊ ကျနောတို့ရဲ့တွေးခေါ်ပုံတွေကို သူ ဘယ်လိုပြောင်းလဲပေးမလဲ၊ ဘယ်လိုတွေကစားနေလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပါတယ်" 

"ကျနော်တို့ ဆုဖလားတွေအတွက် စိန်ခေါ်နိုင်ဖို့ လိုအပ်ပါတယ်၊ အတိအကျကို ဒါက တန်ဟက်ဂ်လက်အောက်မှာ လုပ်ရမယ့်အရာပါ၊ ကျနော်တို့ နာမည်ကျော်ကစားသမားတွေကိုလည်း ခေါ်မယ်ဆိုတာ သေချာပါတယ်" လို့ လုခ်ရှောက ပြောဆိုခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် လုခ်ရှောဟာ တန်ဟက်ဂ်ရဲ့ အဓိကကစားသမားတဦးဖြစ်ပြီး ပုံမှန်ကစားခွင့်ရရှိနေသူလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်အနေနဲ့ တန်ဟက်ဂ်လက်အောက်မှာ တိုးတက်မှုတချို့ရှိလာပေမယ့်လည်း အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်းတော့ မရှိခဲ့ပါဘူး။ လာမယ့်ရာသီအတွက် ကစားသမားကောင်းတွေ ထပ်မံဖြည့်တင်းဖို့ လိုအပ်နေပြီး အဲဒီလိုမလုပ်နိုင်ဘူးဆိုရင်တော့ လုခ်ရှောပြောသလိုမျိုး ဖြစ်လာဖို့က လွယ်ကူမှာမဟုတ်ပါဘူး။ 


Share

Loading Next Article...
က္က