ဟာလန်းမဟုတ်ဘဲ ဟယ်ရီကိန်းရမယ်လို့ ခန့်မှန်းခဲ့တာပါ။

ဘောလုံးရုပ်သံ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်လျက်ရှိတဲ့ ပေါလ်မာဆင်က လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ဟာလန်းက ရွှေဖိနပ်ဆုကို ရယူနိုင်တော့မှာမဟုတ်ဘဲ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကသာ ရရှိသွားမယ်လို့ ဖွင့်ဟလာပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုရှင်တစ်ယောက်ပါ။



ဟာလန်းဟာ မန်စီးတီးနဲ့ ပထမဆုံးရာသီ၊ ပရီးမီးယားလိဂ် ပထမဆုံးအတွေ့အကြုံကို ဖြတ်သန်းခဲ့ရတာဖြစ်ပေမယ့် (၃၆) ဂိုးအထိ သွင်းပြီး ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့တာပါ။ ဒါပေမယ့် ရာသီနှောင်းပိုင်းပွဲစဉ်တွေမှာတော့ သူ့ရဲ့ သွင်းဂိုးတွေက အနည်းငယ်ရပ်တန့်သလိုမျိုး ဖြစ်သွားခဲ့ပါတယ်။

ပေါလ်မာဆင်က “လာမယ့်ရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် ဟယ်ရီကိန်းရမယ်ဆိုတဲ့ဘက်ကနေ ကျွန်တော် နေချင်ပါတယ်။ ဟာလန်းက ပြီးခဲ့တဲ့ရာသီ ပြီးခါနီးမှာ သွင်းဂိုးတွေ ရပ်တန့်သွားတယ် မဟုတ်လား? ပြိုင်ဘက်တွေက ဟာလန်းအကြောင်း နပ်သွားပြီလားတော့ ကျွန်တော်လည်း မသိပါဘူး။ ဟယ်ရီကိန်းရဲ့ မှတ်တမ်းတွေက အံ့အားသင့်စရာပါ”

“သူက ပြီးခဲ့တဲ့ရာသီမှာ တစ်ပွဲတည်း (၄) ဂိုးသွင်းတာမျိုး မရှိဘဲ သွင်းဂိုး (၃၀) အထိ ရရှိခဲ့ပါတယ်။ သူလုပ်ပြခဲ့တာက တကယ်ကို ကောင်းမွန်ပြီး တကယ်လို့ သူ ယူနိုက်တက်ကို ပြောင်းခဲ့ရင်တောင် ရွှေဖိနပ်ဆု မရနိုင်ဘူးလို့ ကျွန်တော် မထင်ပါဘူး။ ချဲလ်ဆီးက နီကိုးလပ်စ်ဂျက်ဆင်၊ အန်ကွန်ကူးတို့နှစ်ယောက်ကတော့ ရွှေဖိနပ်ဆုအတွက် ခက်ခဲပါတယ်”

“ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက် ဘယ်သူ ကစားမယ်ဆိုတာ အခုထိ မသေချာသေးဘူးလေ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရွှေဖိနပ်ဆုအတွက် ပေါလ်မာဆင် တစ်ပ်ပေးထားတဲ့ ဟယ်ရီကိန်းက လာမယ့်ရာသီ စပါးမှာ ဆက်ရှိဖို့ မသေချာဘဲ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

Share

Loading Next Article...
က္က