အင်တာမီလန်အသင်းဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ တဖြည်းဖြည်း နီးစပ်လာနေတဲ့ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းခဲ့တယ်လို့ သိရပါတယ်။
စီးရီးအေကလပ်အသင်းဟာ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ အရင်တုန်းက ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပြီး Fichajes ရဲ့ ဖော်ပြချက်အရ အာဂျင်တီးနားကြယ်ပွင့်ဟာ ယခုနွေရာသီမှာ ရွေးချယ်စရာအများအပြားရှိနေတယ်လို့ သိရပါတယ်။
အင်တာမီလန်အသင်းဟာ မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ လမ်းခွဲတဲ့အချိန်ကျရင် ခေါ်ယူသွားဖို့ စောင့်ဆိုင်းနေတာဖြစ်ပြီး လီဂူးဝမ်းချန်ပီယံတွေဟာ ယခုနွေရာသီမှာ ၎င်းရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ အစီအစဉ်မရှိတာကြောင့် ဘာစီလိုနာဂန္တဝင်က ၎င်းရဲ့ ရွေးချယ်စရာတွေကို စဉ်းစားနေပြီဖြစ်ပါတ်ယ။
သတင်းတွေအရ လီဂူးဝမ်းအသင်းဟာ လီယွန်နယ် မက်ဆီကို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မထွက်ရခင် စာချုပ်သစ် ကမ်းလှမ်းဖို့ အစီအစဉ်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ စိတ်ပြောင်းသွားခဲ့ပြီဖြစ်တယ်လို့ သိရပြီး ဘာစီလိုနာအသင်းက ကြယ်ပွင့်ဟောင်းကို ပြန်လည်ခေါ်ယူနိုင်ဖို့ ပြိုင်ပွဲထဲမှာ ဦးဆောင်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အင်တာမီလန်အသင်းဟာ အာဂျင်တီးနားဂန္တဝင် တိုက်စစ်မှူးကို အံ့အားသင့်ဖွယ် ခေါ်ယူမှု ပြုလုပ်သွားဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပြီး စီးရီးအေထိပ်တန်းအသင်းကြီးဟာ ၂၀၀၆ ခုနှစ်ကတည်းက မက်ဆီကိုခေါ်ယူဖို့ အဲဒီအချိန်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကြိုးပမ်းခဲ့ပေမယ့် ကတ်တလန်အသင်းကြီးက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။