မလေးရှားမှာ အလုပ်လုပ်ခဲ့တဲ့ပညာနဲ့ လမ်းဘေးမှာခုံ ၃ ခုံခင်းပြီး စဖွင့်ခဲ့တဲ့ သိန်းသန်းဝင်း အသုပ်နဲ့အအေးဆိုင်လေးနဲ့မိတ်ဆက်ပေးပါရစေ။
လင်မယားနှစ်ယောက်တည်း လမ်းဘေးဆိုင်လေးနဲ့ရောင်းချခဲ့ရာကနေဆိုင်ခန်းနဲ့ရောင်းချလာနိုင်ခဲ့တာပါ။အထောင်းမျိုးစုံ၊အသုပ်စုံအပြင် အအေးစုံစုံလင်ရရှိနိုင်တဲ့ဆိုင်တစ်ဆိုင်ပါ။
သိန်းသန်း၀င်းဆိုင်လေးရဲ့အစ
လမ်းဘေးမှာ ခုံလေး ၃ ခုံနဲ့ ဇနီးမောင်နှံနှစ်ဦးတည်း စတင်ေရာင်းချခဲ့ကြခဲ့ပေမယ့် အခုဆိုရင် ဆိုင်ခန်းမှာ ဝန်ထမ်း ၉ ဦးနဲ့လည်ပတ်နိုင်နေခဲ့ပြီလို့သိရပါတယ်။
“ဒီဆိုင်လေးကတော့ဦးလေးနဲ့ဦးအမျိုးသမီးနဲ့ နှစ်ကိုယ့်တစ်စိတ်ပေါ့။ဦးလေးကမလေးရှားနိုင်ငံမှာkitchen ခန်းထဲမှာလေးနှစ်လောက်ကြာအလုပ်လုပ်ခဲ့ဖူးတယ်။အောက်ခြေကစပြီးဟင်းချက်ဘ၀နဲ့နေခဲ့ရတော့တော်တော်များများ တတ်လာတယ်။ဒီရောက်တော့ဦးလေးရဲ့အိမ်မက်ကလေးဖြစ်တဲ့ အသီးလေးတွေဖျော်မယ်။အသုပ်ကလေးတွေလုပ်မယ်။”လို့ ဆိုင်လေးဖွင့်ဖြစ်ခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။
ချစ်သူ့လမ်းကြားဆိုင်လေး
ချစ်သူရည်းစား အတွဲလေးတွေရဲ့ နှစ်ကိုယ့်တစ်စိတ် ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။
ဒီဆိုင်မှာ ချစ်သူရည်းစားတွေ အထိုင်များကြပြီး စားသုံးသူတွေရဲ့ အမှတ်တရတွေနဲ့ ပြည့်နေတာပါ။
“ဦးလေးရဲ့ဆိုင်က ပြောရရင်တော့ ချစ်သူ့လမ်းကြားပေါ့ကွယ်။အများဆုံးကတော့ အတွဲလေးတွေ။ဦးလေးရဲ့ ဆိုင်မှာပဲသမီးရည်းစားဘ၀ကနေ ညားသွားတာတွေလည်းရှိတယ်။အသဲကွဲသွားတာတွေလည်း အများကြီးရှိတယ်။တချို့တွေလည်း အတွဲလေးနဲ့ရော၊ကလေးတွေတပြုံကြီးနဲ့ေရာ ပြန်လာကြတာတွေလည်းရှိတယ်။”လို့ ဆိုင်ရှင်ကပြောပါတယ်။
ဆိုင်ရဲ့ပဲ့ကိုင်ရှင်တွေက
ဇနီးဖြစ်သူက အသုပ်သုပ်တာ ကျွမ်းကျင်တာကြောင့် အသုပ်စုံ၊ အထောင်းစုံတွေနဲ့အတူ ဖျော်ရည်အအေးလည်း အစုံရောင်းပါတယ်။ ဆိုင်ရှင်ဟာဆိုရင် ဝါသနာအရ ဒီအလုပ်ကို လုပ်နေတာဖြစ်လို့ စားသုံးသူစိတ်ကြိုက် အရသာကို အမြဲအဆင်ပြေအောင် လုပ်ပေးပါတယ်။
“ဦးလေးရဲ့အမျိုးသမီးက အသုပ်သုပ်တာ အရမ်းတော်တယ်။အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ လက်ရာရှိတဲ့အခါ သူကအသုပ်သုပ်ပြီး ဦးလေးက အအေးတွေဖျော်ပြီးခုံလေး ၃ ခုံနဲ့စပြီးဖွင့်ခဲ့တာပါ။”လို့ ဆိုင်မှာ လုပ်ကိုင်နေကြတဲ့ ပုံစံလေးကို ရှင်းပြထားပါတယ်။
၀ယ်သူေတွကိုစေတနာထားတဲ့ဆိုင်
ရောင်းချပေးတဲ့ အစားအစာတွေရဲ့ ဈေးနှုန်း အများစုကတော့ ၂၅၀၀ ၊၃၀၀၀ ကျပ် ၀န်းကျင်နဲ့ ရောင်းချနေတာဖြစ်ပြီး ဝါသနာ အရင်းခံကာ စေတနာထားပြီးရောင်းနေတဲ့ဆိုင်လေးတစ်ဆိုင်လဲဖြစ်ပါတယ်။
“စားသုံးသူတွေစားတဲ့အခါ အဆင်ပြေအောင်လုပ်ပေးတယ်။အဲ့ဒီအတွက် ပီတိဖြစ်နေရတာဆိုတော့ သေတဲ့အထိဒီအလုပ်လေးကို မြတ်မြတ်နိုးနိုးလုပ်သွားမှာ၊ဘာလို့လဲဆိုတော့ ကုသိုလ်လည်းရ၀မ်းလည်း၀ပေါ့။”လို့ဆိုင်ရှင်က ပီတိစကားဆိုပါတယ်။
လိပ်စာ
“သိန်းသန်း၀င်း”သစ်သီးဖျော်ရည်စုံ၊ အထောင်းစုံ၊ အသုပ်စုံ ဆိုင်လေးရဲ့ လိပ်စာကတော့ သံသုမာလမ်းမပေါ်၊ စံပြဈေးရှေ့၊ သဃင်္န်းကျွန်းမြို့နယ်မှာဖြစ်လို့ အထောင်းစုံ၊ အသုပ်စုံ ကောင်းကောင်းလေးတွေနဲ့ ဖျော်ရည်စုံစုံလင်လင် အားပေးချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင့်။