ဝက်သားမှ ဝက်သားဆိုသူတွေအတွက် အရသာရှိပြီး အတွဲအစပ် ညီလှတဲ့ ဦးမှန်ကြီး ဆိုင်လေးအကြောင်းတင်ဆက်ပေးချင်ပါတယ်။ ဆိုင်သက်တမ်း နုသေးပေမယ့်လည်း အရသာက ကောင်းမွန်တာကြောင့် ဝက်သားချစ်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
လက်မလည်အောင် ရောင်းနေရတဲ့ ဦးမှန်ကြီး ဝက်အဓိပတိ
ဦးမှန်ကြီး ဝက်အဓိပတိ ဆိုင်လေးက တော့ မနှစ်က ၅လပိုင်းက စတင်ဖွင့်လှစ်ခဲ့တာပါ။ အခုလို ဆိုင်နဲ့ တစ်ခမ်းတနားမဖွင့်နိုင်ခင်မှာ လမ်းဘေးဆိုင် လေးနဲ့ အစပျိုးခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင် တော့ လက်မလည် အောင် ရောင်းနေရတဲ့ ထမင်းကြော်ဆိုင်ကြီး ဖြစ်လို့နေပါပြီ။
ဦးမှန်ကြီးဝက်အဓိပတိဆိုင်မှာ ထမင်းကြော်နဲ့ ဝက်အူစုံ ၊ ထမင်းကြော် နဲ့ ဝက်သုံးထပ်သားက စားသုံးသူတွေ နှစ်ခြိုက် အားပေးရတဲ့ စားပွဲလေး လို့ ဆိုရမှာပါ။း ထမင်းက နူးညံ့အိထွေးနေပြီး ဝက်အူစုံ မှာလည်း ၈မျိုးအထိ အောင် စုံလင်အောင် ထည့်ပေးထားပါတယ်။ ဝက်သုံးထပ်သားဆိုရင်လည်း နူးအိပြီး အရသာရှိလှတာကြောင့်လည်း စားသုံးသူတွေ အကြိုက်တွေ့ ရတာလို့လည်း ဆိုရမှာပါ။
ထမင်းကြော်နဲ့ တွဲဖက် စားသုံးဖို့ အချဉ် ဆိုရင်လည်း မုန်လာဥနီ၊ မုန်လာဥဖြူ၊ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီး နဲ့ဗင်နီဂါရည်ကို သေချာ ရောစပ်ထားပါတယ်။ ချက်ချင်းလုပ်တဲ့ အချဉ် မဟုတ်ဘဲ တစ်ညသိပ်ထားတဲ့ အချဉ် ဖြစ်တာကြောင့်လည်း အရသာကောင်းမွန်နေတာဖြစ်ပါတယ်။
ရရှိနိုင်တဲ့ အစားအစာများ
ဦးမှန်ကြီး ဝက်အဓိပတိဆိုင်မှာတော့ အဓိက နာမည်ကြီးတဲ့ စားသောက်ဖွယ်ရာတွေဖြစ်တဲ့ ထမင်းကြော်နဲ့ ဝက်အူစုံ၊ ထမင်းကြော်နဲ့ ဝက်သုံးထပ်သားတို့အပြင် ဝက်လက်စွပ်ပြုတ်၊ ရှယ်နံရိုးပေါင်း၊ ဝက်အူစုံဟင်း၊ ဝက်အူစုံ သုံးထပ်သားဟင်း၊ ဝက်ခေါင်းသုပ်၊ ရှယ်နံရ်ုးပေါင်း အိုးဘဲဥ၊ တမူထူးခြား သုံးထပ်သားအိုးဘဲဥ၊ စွဲလန်းနှစ်သက် ဝက်အူစုံချက်၊ ရှယ်နံရိုး မီးတောက်ရှူးရှဲ တို့ကို ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။
စျေးနှုန်း တွေကတော့ ဆိုင်ထိုင်စား ဆိုရင် ၃,ဝဝဝနဲ့ ၅,ဝဝဝကြားဖြစ်ပြီး ပါဆယ်ဆိုရင် ၃,၅ဝဝနဲ့ ၅,၅ဝဝ ဖြစ်ပါတယ်။
စေတနာကြောင့် နာမည်ရလာတာလို့ ခံယူထားတဲ့ ဆိုင်ရှင်
လမ်းဘေးဆိုင်လေးကနေ အစပျိုးခဲ့ရတဲ့ ဦးမှန်ကြီး ဆိုင်လေးဟာ အခုဆိုရင်ဆိုင်ကြီးနဲ့ လက်မလည် အောင် ရောင်းနေရတဲ့ အ ခြေအ နေကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ စရောင်းစဉ်က ဆန်တစ်ပြည်ကို တောင် မနည်းရောင်းခဲ့ရတဲ့ အ ခြေအနေ နဲ့ ကြုံခဲ့ရတဲ့အ ကြောင်းကို ဆိုင်ရှင် ဦးအောင်ကြီးက ပြောပြပါတယ်။
" ဦးရဲ့ လက်ရာကို လူတိုင်းပါးစပ်ဖျားကို ရောက်အောင် ပေးချင်တယ်။ ကျွေးချင်တယ်။ ဦးလေး ရှုံးပ လေ့စေ ဟင်းတွေ ကျန်တယ်။ အဲဒါတွေ အကုန် မရှိဆင်းရဲတဲ့သူတွေ ပေးလိုက်တယ်။ လူတင်မဟုတ်ဘူး။ ဦးလေး မွေးထားတဲ့ တိရစ္ဆာန်လေးတွေကိုလည်း ကျွေးတယ်။ အဓိကက စေတနာပဲ။ အဲဒီစေတနာကြောင့်ပဲ ဦးလေး နာမည်လေးရလာတာ" လို့ ဦးအောင်ကြီးက ပြောပြခဲ့ပါတယ်။ တစ်ပြည်ကို မနည်းရောင်းခဲ့ရာကနေ အခုဆိုရင် တစ်နေ့ကိုဆန် ၈ပြည် အထက် ရောင်းနေရပြီဖြစ်ပြီး မနက် ၆နာရီ လောက် နေ ည နေ ၃နာရီ လောက် ထိဖွင့်ပါတယ်။
ဦးမှန်ကြီး ဝက်အဓိပတိ ဆိုင်လေး က တော့ တနင်္လာနေ့တိုင်းဆိုင်ပိတ်ပြီး လိပ်စာက ဘုရင့်နောင် လမ်းမကြီးပေါ် ရာဇဓိရာဇ်လမ်းထောင့် ၄ဝရပ်ကွက် မြောက်ဒဂုံ ဖြစ်ပါတယ်။ ဆိုင်ဖုန်းနံပါတ်လေးက ၀၉-၂၅၀၀၁၇၇၅၅၊ ၀၉-၄၅၁၇၄၈၄၆၄ နဲ့ ၀၉-၇၉၅၆၆၆၆၀၆၂ တို့ပဲ ဖြစ်ပါတယ်။
ဦးမှန်ကြီးက Foody Delivery နဲ့ ချိတ်ဆက်ပြီး အိမ်အရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုလည်းရှိပါတယ်။ ပို့ဆောင်ပေးတဲ့ မြို့နယ်တွေက မြောက်ဒဂုံအတွင်းနဲ့ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနဲ့ အ ရှေ့ဒဂုံတို့ပဲ ဖြစ်ပါတယ်။ ပို့ ဆောင်ခ ကို တော့ ငွေ ကျပ် တစ်ထောင် သတ်မှတ်ထားတယ်လို့ သိရပါတယ်။