အင်ဂိုမာတီနက်ဇ်က ပရိသတ်တစ်ယောက်နဲ့ ပြဿနာဖြစ်ပွားခဲ့တာပါ။

ဘာစီလိုနာနောက်ခံလူ အင်ဂိုမာတီနက်ဇ်ဟာ လမ်းလယ်ခေါင်မှာ လူငယ်ပရိသတ်တစ်ယောက်နဲ့ ထိပ်တိုက်တွေ့ကာ စကားများခဲ့ကြောင်း သိရှိရပါတယ်။ အသက် (၃၂) နှစ်အရွယ် ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကို ရောက်ရှိလာခဲ့တဲ့ ကစားသမားပါ။



အခင်းဖြစ်ပွားချိန်မှာ အင်ဂိုမာတီနက်ဇ်က ရှပ်အင်္ကျီအဖြူနဲ့ ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး သူမောင်းနှင်လာတဲ့ Range Rover ကားကို ရပ်တန့်ကာ အဆိုပါ လူငယ်ပရိသတ်ကို ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ဒီနောက်ခံလူက ပရိသတ်ကို အသံကျယ်ကျယ်နဲ့ ပြောဆိုအော်ဟစ်နေတာကိုလည်း ရုပ်သံမှတ်တမ်းတွေအရ မြင်တွေ့ရပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ အင်ဂိုမာတီနက်ဇ်က “မင်း ငါ့ကို သောက်ရူးလို့ခေါ်နေတာ ဒါမှမဟုတ် ဆဲဆိုနေတာ ဒါ နောက်ဆုံးအကြိမ်ပဲဖြစ်ပါစေနော်။ မင်းနဲ့ မင်းဘော်ဒါတွေ ငါ့ကို စော်ကားတာ ဒါ နောက်ဆုံးအကြိမ်ပဲ” လို့ လက်ညှိုးထိုး အော်ဟစ်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီဖြစ်ရပ် ဖြစ်ပွားချိန်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ မရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။

အဲ့ဒီနောက်မှာတော့ အင်ဂိုမာတီနက်ဇ်က သူ့ရဲ့ ကားဆီကို ပြန်သွားခဲ့သလို အဆိုပါ လူငယ်ပရိသတ်ကလည်း ထွက်ခွာသွားခဲ့ပြီး ဖြစ်ပွားချိန်က စက္ကန့် (၂၀) ဝန်းကျင်သာ ကြာမြင့်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ အဆိုပါ လူငယ်ပရိသတ်ဟာ ဘာစီလိုနာပရိသတ်မဟုတ်ဘဲ ဘာစီလိုနာပရိသတ်တွေနဲ့ မကြာခဏ ပြဿနာဖြစ်ပွားခဲ့ဖူးပါတယ်။

ဂါဗီကို မိတ်ဆက်တဲ့အချိန်တုန်းကလည်း အဆိုပါ လူငယ်ပရိသတ်ဟာ ရီးရဲလ်မက်ဒရစ်ဂျာစီကို ဝတ်ဆင်လာခဲ့ဖူးကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ အင်ဂိုမာတီနက်ဇ်ဟာ ဆိုစီဒက် လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာကာ (၂) နှစ် စာချုပ် ချုပ်ဆိုထားကြောင်း သိရှိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က