မောင်မောင်လွင်ရဲ့ လမ်ဖွန်အသင်း ချန်ပီယံဖြစ်ခဲ့တာပါ။

မြန်မာကစားသမားမောင်မောင်လွင် ကစားနေတဲ့ ထိုင်းလိဂ်-၂ ကလပ် လမ်ဖွန်အသင်းဟာ ရာသီနောက်ဆုံးပွဲမှာ Kasetsart FC ကို အနိုင်ယူပြီး လိဂ်-၂ ချန်ပီယံအဖြစ်နဲ့ ဗိုလ်စွဲခဲ့ပြီဖြစ်ပါတယ်။ တန်းတက်ထားပြီးသားဖြစ်တဲ့ လမ်ဖွန်ဟာ ဆုဖလားရယူနိုင်ဖို့အတွက် ဒီပွဲကို မဖြစ်မနေအနိုင်ကစားဖို့လိုအပ်နေခဲ့ကာ ဖိဖိစီးစီးကစားခဲ့လို့ ပထမပိုင်းမှာကတည်းက ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ 

တဖက်မှာလည်း လမ်ဖွန်သာ ခြေချော်ခဲ့မယ်ဆိုရင် တမှတ်အကွာနဲ့ ဒုတိယနေရာမှာရှိနေတဲ့ ဆူခိုထိုင်းက ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိနေလို့ ထိုင်းလိဂ်-၂ နောက်ဆုံးပွဲတွေက စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။ ဆူခိုထိုင်းကလည်း ပြိုင်ဘက်အယုဒ္ဓယကို အနိုင်ကစားခဲ့ပေမယ့် လမ်ဖွန်ရဲ့ နိုင်ပွဲကြောင့် ချန်ပီယံဖြစ်ခွင့်တော့ ဝေးခဲ့ရပါတယ်။ 

မောင်မောင်လွင်ကတော့ ထိုင်းလိဂ်-၂ မှာ စတင်ကစားခဲ့တဲ့ ပထမဆုံးရာသီမှာပဲ အသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့တာပါ။ အသင်းအတွက် သူက လိဂ်-၂ မှာ ၁၇ ပွဲကစားပေးခဲ့ပြီး ၄ ဂိုးသွင်းကာ ၇ ကြိမ်ဖန်တီးပြီး ခြေစွမ်းပြခဲ့ပါတယ်။ ချန်ပီယံဖြစ်ဖို့အတွက် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး ဒီဆုဖလားဆွတ်ခူးနိုင်ခဲ့တာက ကစားသမားဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် ပြည်ပကလပ်တခုနဲ့အတူ ဆုဖလားရယူနိုင်မှုဖြစ်ပါတယ်။ 

လမ်ဖွန်နဲ့အတူ ထိုင်းလိဂ်-၁ ကို သူ ပါဝင်ကစားနိုင်တော့မှာဖြစ်ကာ နောက်ရာသီမှာ အသင်းပြောင်းရွှေ့နိုင်မလား စောင့်ကြည့်ရဦးမှာပါ။ လမ်ဖွန်ကတော့ မောင်မောင်လွင်ကို အသင်းမှာဆက်ထိန်းသိမ်းထားချင်ပြီး ခေါ်ယူချင်တဲ့အသင်းရှိပါကလည်း စာချုပ်ပါတန်ကြေး ဘတ် ၃ သန်းပေးချေရမှာဖြစ်ကာ ကစားသမားရဲ့ ဆန္ဒကလည်း အရေးပါလာမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က