လမ်ဖွန်ရဲ့ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေခဲ့တာပါ။

မြန်မာကစားသမားမောင်မောင်လွင်ပါဝင်ကစားနေတဲ့ ထိုင်းလိဂ်-၂ ကလပ် လမ်ဖွန်အသင်းဟာ မနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့နောက် ထိုင်းလိဂ်-၁ ကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။ လက်ကျန်တပွဲအလိုမှာပဲ တန်းတက်နိုင်ခဲ့တာဖြစ်ပြီး ဒုတိယနေရာက ဆူခိုထိုင်းထက် ၁ မှတ်အသာရကာ နောက်ဆုံးပွဲစဉ်ကို အနိုင်ရပါက လိဂ်-၂ ချန်ပီယံပါဖြစ်တော့မှာပါ။

မနေ့က ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မောင်မောင်လွင်က တဂိုးသွင်းယူပေးပြီး ခြေစွမ်းပြခဲ့ပါတယ်။ လမ်ဖွန်အသင်းကို ရောက်ကတည်းက တောက်လျှောက်ခြေစွမ်းပြနေပြီး အမာခံကစားသမားဖြစ်လာတဲ့ မောင်မောင်လွင်ဟာ လိဂ်-၂ မှာ ၁၆ ပွဲကစားပေးထားပြီး ၄ ဂိုးသွင်းကာ ၇ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပြီး နည်းပြနဲ့ ပရိသတ်စိတ်ကြိုက်ကစားသမားဖြစ်လာခဲ့ပါတယ်။ 

လမ်ဖွန်နဲ့အတူ ထိုင်းလိဂ်-၂ ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါက ဒါဟာ အောင်သူက ဘူရီရမ်နဲ့အတူ ထိုင်းလိဂ်ဖလားကိုရယူနိုင်ခဲ့အပြီး မြန်မာကစားသမားတဦးအတွက် နောက်ထပ်အောင်မြင်မှုဖြစ်လာတော့မှာပါ။ တရာသီတည်းမှာပ​ဲ မြန်မာကစားသမား ၂ဦးက သက်ဆိုင်ရာအသင်းတွေနဲ့အတူ အမှတ်ပေးဖလားကို ကိုယ်စီရယူနိုင်တဲ့ ထူးခြားတဲ့ဘောလုံးရာသီလည်းဖြစ်လာတော့မှာပါ။ 

မောင်မောင်လွင်ရဲ့ခြေစွမ်းပြမှုကြောင့် ထိုင်းလိဂ်-၁ အသင်းတွေက စိတ်ဝင်စားနေတယ်လို့ ကစားသမားရဲ့အေးဂျင့်က ပြောဆိုထားပါတယ်။ လမ်ဖွန်ဘက်ကတော့ ကစားသမားကို လက်လွှတ်ခံချင်စိတ်မရှိဘူးလို့သိရကာ သူတို့ကစားသမားကို ခေါ်ယူမယ်ဆိုပါက ဘတ် ၃ သန်းအထိပေးခ​ျေရဖို့ရှိနေပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက်ကသာ အဓိကကျမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က