တန်ဟက်ခ်တယောက် လက်ထောက်နည်းပြ ဗန်ဒါဂါတ်၊ ဗန်ဒါဂါတ်ရဲ့လက်တွဲဖော်တို့နဲ့အတူ ညစာထွက်စားခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်တယောက် ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ပြီး မန်ချက်စတာမြို့ထဲ ညစာထွက်စားနေတဲ့ပုံရိပ်တွေက ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။ အဆိုပါ နယ်သာလန်လူမျိုးနည်းပြဟာ သူ့ရဲ့လက်ထောက်ဖြစ်တဲ့ ဗန်ဒါဂတ်၊ ဗန်ဒါဂတ်ရဲ့လက်တွဲဖော်တို့နဲ့အတူ မန်ချက်စတာမြို့က အိုင်ဗီစားသောက်ဆိုင်မှာ ညစာထွက်စားခဲ့တာပါ။



ဒီလိုမျိုး ညစာထွက်စားတဲ့နေရာမှာ တန်ဟက်ခ်က အဖြူရောင်ဇစ်အင်္ကျီနဲ့ ဘောင်းဘီရှည်ကို ဆိုက်ပြည့်ဂိုက်ပြည့်နဲ့ ဝတ်ဆင်ထားပြီး ပရိသတ်တွေကတော့ တန်ဟက်ခ်ရဲ့ ဖက်ရှင်ကို သဘောကျနေပါတယ်။ အသက် (၅၂) နှစ်အရွယ် ဒီနည်းပြရဲ့ဘေးမှာတော့ သူ့လက်ထောက်လိုမျိုး လက်တွဲစရာပုဂ္ဂိုလ်မပါလာခဲ့သေးပါဘူး။

အဲ့ဒီနောက်မှာတော့ သူတို့သုံးယောက်က မန်ချက်စတာမြို့မှာရှိတဲ့ လိုရီဟိုတယ်ကို ည (၁၀) နာရီခွဲမှာ ပြန်သွားခဲ့ပါတယ်။ လက်ရှိအချိန်ထိ တန်ဟက်ခ်နဲ့ သူ့ရဲ့လက်ထောက် ဗန်ဒါဂါတ်တို့ဟာ ဟိုတယ်မှာသာ နေထိုင်နေဆဲလို့ ယူဆရပါတယ်။ တန်ဟက်ခ်ဟာ မန်ချက်စတာမြို့မှာ သူနေထိုင်ဖို့အတွက် နေအိမ်တလုံးကို အသင်းတာဝန်ရှိသူတွေထံ ရှာဖွေခိုင်းထားပါတယ်။

တန်ဟက်ခ်နဲ့ဗန်ဒါဂါတ်တို့ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမပြီးဆုံးခင်တည်းက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို ရောက်ရှိလာခဲ့တာပါ။ အဲ့ဒီနောက် လန်ဒန်မှာ ကစားခဲ့တဲ့ ယူနိုက်တက်ရဲ့ ရာသီပိတ်နောက်ဆုံးပွဲစဥ်ကို ကြည့်ရှုခဲ့ပြီး နောက်တရက်မှ မန်ချက်စတာမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ တန်ဟက်ခ်ဟာ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေကို စတင်နေပြီဖြစ်ပါတယ်။

လက်ရှိ လေ့ကျင့်ခန်းအစီအစဥ်တွေကို တန်ဟက်ခ်က လက်ထောက်ဖြစ်တဲ့ ဗန်ဒါဂါတ်၊ မက္ကလာရင်တို့နဲ့အတူ စနစ်တကျ ကြီးကြပ်နေပါတယ်။ ကာရင်တန်ကို ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ ဒီဂီယာတို့လို ကြယ်ပွင့်တွေ ရောက်ရှိနေပြီးဖြစ်သလို ရှေ့တပတ်အတွင်းမှာတင် ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်နဲ့ အခြားသော ကြယ်ပွင့်တွေ ဆက်လက်ရောက်ရှိလာမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က