ရော်နယ်ဒိုကို ထိပ်တိုက်တွေ့ဖို့ ကြိုးစားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အယ်လ်ဟီလယ်နဲ့ အယ်လ်နာဆာတို့ရဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်ကတော့ နှစ်ဖက်ကစားသမားတွေအကြား အကြိတ်အနယ် အဖြစ်အပျက်တွေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ပွဲအပြီးမှာ အယ်လ်ဟီလယ်က အယ်လ်နာဆာကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒီပွဲရဲ့ ပထမပိုင်းမှာ အယ်လ်ဟီလယ် ကစားသမား အယ်လ်ဘူလေဟီက ရော်နယ်ဒိုကို ချဉ်းကပ်ပြီး လှောင်ပြောင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီကစားသမားဟာ ရော်နယ်ဒိုကို စိတ်ဆွပြီး ကစားဖို့ ပြင်ဆင်ခဲ့ဟန်ရှိပြီး ပွဲချိန်အတွင်းမှာလည်း ရော်နယ်ဒိုကို မကြာခဏဆိုသလို လှောင်ပြောင်နေခဲ့တာပါ။
ပထမပိုင်းပွဲချိန်အတွင်း ဒီကစားသမားက ရော်နယ်ဒိုရဲ့ ရှေ့တည့်တည့်အထိ သွားရောက်ပြီး အဆိုပါ ပေါ်တူဂီအသင်းခေါင်းဆောင်ကြီးကို လှောင်ပြောင်အော်ဟစ်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုက သူ့ရဲ့လက်တစ်ဖက်ကို နားရွက်နားကပ်ပြီး အယ်လ်ဘူလေဟီကို ပြန်လည် လှောင်ပြောင်သွားခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ တုံ့ပြန်ပုံကတော့​ “မင်းဘာတွေပြောနေတာလဲ၊ မင်းပြောတာ ငါမကြားရဘူး” ဆိုတဲ့ သဘောမျိုးဖြစ်ပြီး ပရိသတ်တွေကတော့ ရော်နယ်ဒိုရဲ့ တုံ့ပြန်ပုံကို သဘောကျနေပါတယ်။ ပရိသတ်တွေက “လူမသိသူမသိ ကစားသမားက ရော်နယ်ဒိုကို ထိပ်တိုက်တွေ့ဖို့ ကြိုးစားနေတာပဲ”

“ဒီငပေါက ဘယ်ကလဲ” “Follower ၁ သောင်းလောက်ပဲရှိတဲ့ ကစားသမား၊ လူမသိတဲ့ ကစားသမားက မက်ဆီဖန်တွေအကြိုက် လုပ်ပြနေတာပဲ” “သူက ရော်နယ်ဒိုနဲ့ ဓာတ်ပုံတွဲရိုက်ချင်နေတာ” လို့ ဝေဖန်ခဲ့ပါတယ်။ အဆိုပါ ဆော်ဒီလက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ ဆော်ဒီတို့ အာဂျင်တီးနားကို အနိုင်ရခဲ့စဉ်ကလည်း မက်ဆီနဲ့ ငြိခဲ့ဖူးတဲ့ ကစားသမားဖြစ်ပါတယ်။

Share

Loading Next Article...
က္က