လီဗာပူးလ် အမှတ်ပေးဖလားမရမချင်း ဆံပင်မညှပ်ဘူးလို့ ကတိပြုထားခဲ့သူပါ။

လီဗာပူးလ် အမှတ်ပေးဖလားမရမချင်း ဆံပင်မညှပ်ဘူးလို့ ဆုံးဖြတ်ထားခဲ့တဲ့ အဆိုပါပရိသတ်ဟာ ၁၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဆံပင်ညှပ်ပစ်တော့မှာဖြစ်ပါတယ်။ 


ကိုဆိုဗိုက လီဗာပူးလ်အသင်းပရိသတ်တစ်ဦးဟာ အသင်းအမှတ်ပေးဖလားရရှိမှ ဆံပင်ညှပ်မယ်လို့ ကတိပေးထားခဲ့မှုကို အကောင်အထည်ဖော်နိုင်တော့မှာဖြစ်ပါတယ်။ လီဗာပူးလ် အမှတ်ပေးဖလားမရမချင်း ဆံပင်မညှပ်ဘူးလို့ ဆုံးဖြတ်ထားခဲ့တဲ့ အဆိုပါပရိသတ်ဟာ ၁၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဆံပင်ညှပ်ပစ်တော့မှာဖြစ်ပါတယ်။ 

အသက် ၃၇ နှစ်အရွယ်ရှိပြီး ပညာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ Uke Krasniqi ဟာ ၂၀၀၃ ခုနှစ်မှာ စတင်ကာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အသင်းဆုဖလားရယူနိုင်မှသာ ဆံပင်ညှပ်မယ်လို့ ဆိုခဲ့သူဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက သူ့ကို ဆံပင်ညှပ်ပစ်ဖို့အတွက် တိုက်တွန်းခဲ့ပေမယ့်လည်း သူ့ရဲ့ကတိကို စောင့်ထိန်းခဲ့တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။ 

သူ့ရဲ့ဇနီးဒီယာနာကလည်း သူ့အတွက် ဂုဏ်ပြုလက်ဆောင်တွေပေးအပ်လိမ့်မယ်လို့ Uke က ပြောခဲ့ပါသေးတယ်။ "ဂျော်ဒန်ဟန်ဒါဆန် ဆုဖလားကို ကိုင်မြှောက်လိုက်ချိန်မှာ ကျွန်တော့်ဆံပင်တွေကို ညှပ်လိုက်တော့မှာပါ" လို့ Uke က PA သတင်းဌာနကို ပြောဆိုခဲ့ကြောင်း Four Four Two သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

Uke ဟာ ငယ်စဉ်ကလည်းက ဖခင်ဖြစ်သူကြောင့် လီဗာပူးလ်အသင်းပွဲစဉ်တွေကို ကြည့်ရှုခဲ့ရပြီး လီဗာပူးလ်ပရိသတ်ဖြစ်လာခဲ့သူလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ လီဗာပူးလ်အသင်း အမှတ်ပေးဖလားရရှိဖို့ နီးစပ်ခဲ့တာကြောင့် သူ့ဆံပင်တွေကို ညှပ်ပစ်ဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း စတီဗင်ဂျရတ်ရဲ့ ခြေချော်ခဲ့မှု၊ မန်စီးတီးကို မကျော်ဖြတ်နိုင်မှုတွေကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။ 

"ကျွန်တော့်ဆံပင်တွေကို ဒီအတွက်ထိန်းသိမ်းထားခဲ့ရတာပါ၊ ဒီအဖြစ်အပျက်တွေကို ကျော်လွှားရမှာပါပဲ၊ ဒါက ဘဝပါ၊ ဒီအခိုက်အတန့်အတွက် ကျွန်တော်စောင့်ဆိုင်းနေခဲ့ရပါတယ်၊ လွဲချော်ခဲ့ရမှုတွေအတွက် စိတ်ပျက်ခဲ့ရပေမယ့်လည်း နောက်ဆုံးတော့ အသင်းအောင်မြင်တာကို ကျွန်တော်မြင်တွေ့ရပါပြီ၊ အဲဒါက တကယ်ဖြစ်လာခဲ့ပါပြီ" လို့ Uke က ထပ်မံပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က