တရုတ်ကလပ်မှာ ကစား‌နေတာပါ။

အငှားနဲ့သာ ခေါ်ယူတာ ဖြစ်ပြီး အိုင်အာလိုကို အပြီးသတ် ဝယ်ယူဖို့ အစီအစဥ် မရေးဆွဲထားဘူးလို့လည်း ယူနိုက်တက်က တပါတည်း ဖော်ပြလာပါတယ်။

ဝတ်ဖို့ဒ်အသင်းမှာကစားဖူးတဲ့ အိုဒီယိုအိုင်အာလိုကို ယူနိုက်တက်အသင်းက ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်လိုက်တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



အသက် ၃၀ ရှိပြီ ဖြစ်တဲ့ နိုင်ဂျီးရီးယား လက်ရွေးစင်ကို ယူနိုက်တက်အသင်းအနေနဲ့ အပြီးသတ်ခေါ်ယူဖို့ အစီအစဥ် မရှိဘူးလို့လည်း သိရပါတယ်။

တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာ အသင်းမှာ ကစားနေတဲ့ အိုင်အာလိုကတော့ လက်ရှိမှာ တရုတ်မှာပဲ ဆက်ရှိနေသေးပြီး လာမယ့် ရက်အနည်းငယ်ကျမှ အင်္ဂလန်ကို လာရောက်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

အိုင်အာလိုကို ခေါ်ယူဖြစ်တာနဲ့ ပတ်သက်ပြီး -“ သူက အတွေ့အကြုံရင့် တိုက်စစ်မှူးပါ၊ ကျွန်တော်တို့နဲ့ ရှိနေတဲ့ အချိန်အနည်းငယ်အတွင်းမှာ မတူညီတဲ့ အထောင်တိုက်စစ်မှူးပုံစံကို သူပြသွားပါလိမ့်မယ်။”လို့ ဆိုးလ်ရှားက ပြောသွားပါတယ်။

ဝက်ဖို့ဒ်မှာ ၂၀၁၄ ကနေ ၂၀၁၇ အထိ ကစားသွားခဲ့လို့ ပရီးမီးယားလိဂ် အထာကိုတော့ ကောင်းကောင်းသိထားနှင့် ပြီးဖြစ်တဲ့ အိုင်အာလိုကတော့ အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲမှာ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ထားသူလည်း ဖြစ်ပါ တယ်။



အခုလို ယူနိုက်တက်ကို အငှားနဲ့ လာရောက်ဖြစ်တာကတော့ ၂၀၁၄ ခုနှစ်တုန်းက ဖယ်လ်ကာအိုကို ယူနိုက်တက်က အငှားနဲ့‌ ခေါ်ယူမှုအပြီးမှာ ပထမဆုံးအကြိမ် အငှားနဲ့ ယူနိုက်တက်ခေါ်တဲ့ သက်ကြီး ကစားသမားတစ်ဦးလည်း ဖြစ်လာပါတယ်။

ယူနိုက်တက်ကတော့ အိုင်အာလိုကို ခေါ်ယူတာက အသင်းရဲ့ အဓိက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဒဏ်ရာကြောင့် နားနေရချိန်မှာ အသုံးပြုနိုင်ဖို့ ဖြစ်ပြီး အိုင်အာလိုအနေနဲ့လည်း ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဒါ့အပြင် ယူနိုက်တက်က အိုင်အာလိုမတိုင်ခင် စပို့တင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ဖန်တီးရှင် ဖာနန်ဒက်စ် ကို ခေါ်ယူထားနိုင်သလို တောင်ပိုင်းယူနိုက်တက်လို့ တင်စားခေါ်ဝေါ်တဲ့ ဘုန်းမောက်အသင်းရဲ့ နသန်ဘစ်ရှ်ရှော့ခ် ကိုလည်း မဖော်ပြတဲ့ စျေးနဲ့ ခေါ်ယူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က