ရန်ကုန်ဆေးရုံကြီးတစ်ခုတည်းရဲ့အချက်အလက်တွေဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ရရှိတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတစ်ခုတည်းကိုပဲ ခွေးကိုက်ခံရမှုကြောင့် ၅၃၂၈ ယောက် လာရောက်ကုသမှုခံယူခဲ့ကြရတယ်လို့ အရေးပေါ်ဌာနအချက်အလက်တွေအရသိရပါတယ်။



 



၂၀၁၈ ခုနှစ် နှစ်စကနေ ၈ လအတွင်း ခွေးရုူးရောဂါကြောင့်သေဆုံးသူ ၁၈ ဦးအထိရှိခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီးရဲ့ အချက်အလက်တွေကို ကိုးကားပြီးတော့ Out Break News သတင်းဌာနက ကဖော်ပြပါတယ်။



ဒီအရေအတွက်ဟာ ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးသူတွေရဲ့အရည်အတွက်သာဖြစ်ပြီး ကျန်တဲ့ ဆေးရုံတေံနဲ့ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးက အချက်အလက်တွေတော့ မပါဝင်ပါဘူးလို့ အဆိုပါသတင်းဌာနက စက်တင်ဘာ ၃ ရက်နေ့သတင်းမှာ ဖော်ပြပါတယ်။ ရန်ကုန်တိုင်းအတွင်း ခွေးကိုက်မှုဖြစ်စဉ်အများဆုံးကတော့ ဒလမြို့နယ်ဖြစ်တယ်လို့ ဆိုပါတယ်။



"ခွေးရူးရောဂါဟာ ကာကွယ်ဖို့နည်းပဲရှိပြီး ကုသလို့ မရတာကြောင့် ခွေးကိုက်ခံရပြီဆိုတာနဲ့ နီးစပ်ရာ ဆေးရုံဆေးခန်းကို ၂၄ နာရီအတွင်းရောက်ဖို့ လိုပါတယ်။"လို့ တိရိစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ စောသက်ထွန်းက Duwun ကို ပြောပါတယ်။



ရန်ကုန်မှာခွေးကောင်ရေ ၂ သိန်းရှိနေပြီး မျိုးပွားနှုန်းက တစ်နှစ်ကို ကောင်ရေသုံးသောင်းကနေ ငါးသောင်းကြားအထိ ရှိနေတယ်လို့ အချက်အလက်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ ရန်ကုန်ဆေးရုံကြီးကနေ ခွေးကိုက်ခံရတဲ့လူနာပေါင်း ၁၆၂၇၄ ယောက်ကို ကုသပေးခဲ့ပြီး ၃၂ ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က