၂၀၁၉ ပထမ ၆ လဟာ Xiaomi အတွက် တောက်ပတဲ့ ၆ လတာ ဖြစ်ခဲ့ပါတယ်။
သြဂုတ်လ ၂၀ ရက်နေ့မှာ Xiaomi ဟာ ဒုတိယ ၃ လပတ် နဲ့နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းများ ထုတ်ပြန်ခဲ့ပါတယ်။ Gizmochina မှာ တက်လာတဲ့ သတင်းအရ ဧပြီလကနေ ဇွန်လအထိ သုံးလအတွင်း Xiaomi ဟာ ယွမ် ၅၂ ဘီလျံ ( ဒေါ်လာ ၇.၃ ဘီလျံ) ဝင်ခဲ့ပြီး အရင်နှစ်ကထက် ၁၅% ဝင်ငွေပိုရလာခဲ့တယ်လို့ဆိုပါတယ်။
Photo: India Today
အသားတင် အမြတ်ငွေအနေနဲ့ယွမ် ၃.၆၄ ဘီလျံ ( ဒေါ်လာ ၅၁၆ သန်း) ရခဲ့ပြီး ရှယ်ယာရှင်တွေကို ယွမ် ၂.၅၂ ဘီလျံ ( ဒေါ်လာ ၃၅၆ သန်း) အသားတင်ခွဲပေးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ ၂၀၁၉ ပထမ ၆ လအတွင်းမှာ Xiaomi ဟာ အရင်ကထက် ၂၀.၂% ပိုတိုးလာပြီး စုစုပေါင်း ယွမ် ၉၅.၇၁ ဘီလျံ ( ဒေါ်လာ ၁၃.၅ ဘီလျံ) ဝင်ခဲ့ပါတယ်။
ဒီ ၆ လအတွင်းမှာ Xiaomi ဟာ အသားတင်အမြတ် ယွမ် ၅.၇၂ ဘီလျံ ( ဒေါ်လာသန်း ၈၁၀) ရခဲ့ပြီး နှစ်အလိုက် အမြတ်ငွေတိုးနှုန်းဟာ ၄၉.၈% ရှိလာခဲ့ပါတယ်။ စမတ်ဖုန်းရောင်းအားဟာ ၆ လအတွင်း သန်း ၆၀ အထိ ရှိခဲ့ပြီး စမတ်တီဗွီရောင်းအားကတော့ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း brand ၅ ခုစာရင်းဝင်ခဲ့သလို တရုတ်နိုင်ငံမှာ စုစုပေါင်း ၅.၄ သန်း ရောင်းချနိုင်ခဲ့ပြီး လူကြိုက်အများဆုံး စမတ်တီဗွီအမှတ်တံဆိပ် ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။
သုတေသနနဲ့ဖွံ့ဖြိုးရေးဘက်မှာ Xiaomi ဟာ ယွမ် ၃.၃ ဘီလျံ မြှပ်နှံခဲ့တာကြောင့် နှစ်အလိုက် သုတေသနအတွက် ငွေသုံးစွဲမှုဟာ ၃၀% ပိုတက်လာခဲ့ပါတယ်။ Xiaomi ရဲ့ CEO နဲ့တည်ထောင်သူ လေဂျန်ကတော့ Xiaomi ဟာ ဈေးကွက်စီးပွားရေး ပြိုင်ဆိုင်မှုတွေအကြားမှာ ရလဒ်ကောင်းတွေ ရခဲ့တယ်လို့မှတ်ချက်ပြုထားပါတယ်။
Photo: Business Times
Xiaomi ကုမ္ပဏီအနေနဲ့ 5G နဲ့AIoT ဈေးကွက်အခွင့်အလမ်းတွေကိုလည်း ဖမ်းဆုပ်ဖို့ကြိုးပမ်းနေတာကြောင့် R&D ပိုင်းမှာ ရင်းနှီးမြှပ်နှံမှု တိုးချဲတာတွေ လုပ်နေဆာင်နေတယ်လို့ဆိုပါတယ်။ Xiaomi Group ရဲ့ Mobile နဲ့AIoT ပေါင်းထားတဲ့ dual Engine နည်းဗျူဟာလည်း ၂၀၁၉ နှစ်လယ်မှာ စတင်နေပြီး Xiaomi IoT ပလက်ဖောင်းဟာ ထုတ်ကုန်ပေါင်း ၁၉၆ သန်းနဲ့ချိတ်ဆက်ပြီး ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။
အင်တာနက်ဝန်ဆောင်မှု ဝင်ငွေတွေကနေ Xiaomi ဟာ ယွမ် ၈.၈ ဘီလျံ ရလာခဲ့ပြီး ၂၀၁၈ ပထမ ၆ လကထက် ၁၀၈% ပိုများလာခဲ့တယ်လို့ဆိုပါတယ်။