အာရပ်ကလပ်ချန်ပီယံရှစ်ဗိုလ်လုပွဲတုန်းက ဖြစ်ပျက်ခဲ့တာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ အာရပ်ကလပ်ချန်ပီယံရှစ် ဗိုလ်လုပွဲက ဖြစ်ရပ်တစ်ခုကတော့ ဗီဒီယိုမှတ်တမ်းနဲ့အတူ ပရိသတ်တွေအကြားမှာ ရေပန်းစားနေပါတယ်။ ဒီပွဲမှာ အယ်လ်နာဆာက ရော်နယ်ဒိုရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ၂-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။



ဒီပွဲမှာ အယ်လ်နာဆာတို့ အနီကတ်တွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ရော်နယ်ဒိုကတော့ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ တစ်ယောက်လျော့နေချိန်မှာ ချေပဂိုးကို ရော်နယ်ဒိုက သွင်းယူပေးခဲ့သလို အချိန်ပိုမိနစ် (၃၀) ဆက်ကစားချိန်မှာ ရော်နယ်ဒိုကပဲ အယ်လ်နာဆာအတွက် အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။

အခုချိန်မှာတော့ အဆိုပါပွဲက ဖြစ်ရပ်တစ်ခုက ပရိသတ်တွေအကြားမှာ ရေပန်းစားနေခဲ့ပါတယ်။ အမြင့်ဘောအတွက် နှစ်ဖက် ကစားသမားတွေ ပင်နယ်တီဧရိယာထဲ နေရာယူနေချိန်မှာ ပြိုင်ဘက် အယ်လ်ဟီလယ် နောက်ခံလူ အယ်လ်ဘူလာချ်က ရော်နယ်ဒိုကို လူကပ်ကစားရင်း စိတ်အနှောင့်အယှက်ပေးနေခဲ့ပါတယ်။

ရော်နယ်ဒိုက သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ သူ့ရဲ့ ကျောကုန်းကချွေးတွေကို လက်နဲ့သုတ်ခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ဘူလာချ်ရဲ့ မျက်နှာကို သုတ်ပစ်ခဲ့တာပါ။ ဘူလာချ်ကတော့ ရော်နယ်ဒိုရဲ့ လုပ်ရပ်အတွက် လက်ညှိုးထိုးပြောဆိုရင်း တုံ့ပြန်ခဲ့ပေမယ့် ကြီးကြီးမားမား ပြဿနာတော့ မဖြစ်ပွားခဲ့ပါဘူး။

ဒီပွဲမှာ ရော်နယ်ဒိုအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ နောက်တစ်ခုက ပြိုင်ဘက် ကစားသမား မိုက်ကယ်က အယ်လ်ဟီလယ်အတွက် ဦးဆောင်ဂိုးသွင်းယူပြီးတဲ့နောက် ရော်နယ်ဒိုလို “Siu” ဟန်ပန်နဲ့ အောင်ပွဲခံပြခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ရော်နယ်ဒိုကတော့ သူလုပ်စရာရှိတာကို အကောင်းဆုံး လုပ်ပြခဲ့ပြီး အယ်လ်နာဆာနဲ့အတူ ပထမဆုံး ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က