Xiaomi ဟာ လာမယ့်နှစ်မှာ ထူးခြားတဲ့ display နည်းပညာကို သုံးသွားဖို့ရှိပါတယ်။
မကြာသေးမီက တရုတ် display ကုမ္ပဏီ Fortsense ဟာ ကမ္ဘာ့ပထမဆုံး LCD screen လက်ဗွေနည်းပညာ မူပိုင်ခွင့်ပေါင်း ၁၆၀ ကျော် မှတ်ပုံတင်ခဲ့ပါတယ်။ ဒီနည်းပညာဟာ OLED display အောက်မှာပဲ ထားလို့ရတဲ့ လက်ဗွေနည်းပညာကို တော်လှန်မယ့် နည်းပညာဖြစ်ပြီး Xiaomi မှာ ပထမဆုံး သုံးသွားဖို့ရှိပါတယ်။ Xiaomi ရဲ့ ထုတ်ကုန်ဒါရိုက်တာ Wang Teng ဟာ လာမယ့်နှစ်မှာ ဒီနည်းပညာကို သုံးမယ်လို့ဆိုပါတယ်။
Photo: gizchina
"LCD screen fingerprints တွေဟာ နည်းပညာအရ လက်တွေ့ဆန်ပေမယ့် ဒီနှစ်ထဲမှာ ဒီနည်းပညာသုံးတဲ့ ထုတ်ကုန် ထွက်ဖို့မရှိသလောက်ပဲ။ အမြန်ဆုံးကတော့ နှစ်ကုန်ပိုင်း ဒါမှမဟုတ် နောက်နှစ်ထဲ ဖြစ်ဖို့ရှိပါပတယ်။ " လို့သူက ဆိုပါတယ်။ ဒီနည်းပညာကို သုံးတဲ့ ထုတ်ကုန်ဟာ ယွမ် ၂၀၀၀ ( မြန်မာငွေ ၄ သိန်းခွဲခန့်) ကျသင့်မယ်လို့လည်း ဆိုပါတယ်။
Fortsense ဟာ LCD display ရဲ့ နောက်ခံအလင်းစနစ် ကို အဆင့်မြှင့်တင်ထားပြီး လက်ဗွေပုံရိပ်ဖော်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို တီထွင်ထားတာပါ။ LCD screen လက်ဗွေဖတ်ဖို့အတွက် နောက်ဆုံးပေါ် deep learning neural network နည်းပညာကို သုံးထားတယ်လို့လည်း ဆိုပါတယ်။ သုံးစွဲသူရဲ့ လက်ကို ပုံဖော်ဖတ်ရှုတဲ့ နှုန်းကလည်း ပုံမှန် Capactive လက်ဗွေတွေနဲ့ယှဉ်နိုင်မယ့် နည်းပညာဖြစ်တယ်လို့လည်း Gizchina သတင်းမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ UD fingerprint sensor တွေကို OLED display တွေမှာပဲ သုံးနိုင်တာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ပထမဆုံး UD fingerprint စနစ် သုံးတဲ့ ဖုန်း Vivo X20 Plus UD ကို ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက မိတ်တဆက်ခဲ့ပါတယ်။