ဇွန်လကုန်ကစပြီး LCD ထုတ်လုပ်မှုကို ဆက်မလုပ်တော့ဘူးလို့ ဆိုပါတယ်

တောင်ကိုရီးယားကုမ္ပဏီ Samsung Display ဟာ ဇွန်လကုန်ကစပြီး LCD ထုတ်လုပ်မှုကို ဆက်မလုပ်တော့ဘူးလို့ ဆိုပါတယ်။ 

Samsung Display အနေနဲ့ အစောပိုင်းက ကြေညာခဲ့တဲ့ သတ်မှတ်အချိန်ဇယားထက် ၆ လတိတိ စေပြီး လုပ်ငန်းရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတာကြောင့် Samsung အနေနဲ့ ဆုံးရှုံးမှုတွေ လျှော့ချလိုက်တာလို့လည်း ဈေးကွက်အတွင်းသတင်းတွေက ဖော်ပြပါတယ်။ 




Samsung ကုမ္ပဏီဟာ ရှေ့လျှောက် OLED နဲ့ QD (Quantum-Dot) Panel ထုတ်လုပ်မှုဘက် ပိုပြီး အာရုံစိုက်သွားမှာ ဖြစ်ပြီး LCD ထုတ်လုပ်ရေး ဝန်ထမ်းတွေကို QD စီးပွားရေးလုပ်ငန်းဘက် ပြောင်းရွှေ့သွားဖို့လည်း ရှိပါတယ်။ Display Supply Chain Consultants က လာတဲ့ သတင်းတွေအရ LCD တစ်ခုရဲ့ ဈေးဟာ ထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ခဲ့တဲ့ ၂၀၁၄ ဇန်နဝါရီလ ဈေးထက် ၃၆.၆% လျော့နည်းသွားပြီလို့ ဆိုပါတယ်။

LCD Display ဈေးကွက်အတွင်း တရုတ်ထုတ်လုပ်သူ BOE နဲ့ ထိုင်ဝမ် AU Optronics တို့ရဲ့ အပြိုင်အဆိုင် ထုတ်လုပ်လာမှုကလည်း ဖောက်သည်တွေအတွက် LCD ဈေးပိုသက်သာလာစေတဲ့ အကြောင်းရင်းဖြစ်လာခဲ့တာပါ။ Samsung ဟာ ၂၀၂၀ မှာကတည်းက ကုမ္ပဏီရဲ့ LCD စီးပွားရေးကို ဖျက်သိမ်းဖို့ စီစဉ်ထားခဲ့ပေမယ့် COVID-19 ကပ်ရောဂါဘေးနဲ့ ဈေးသက်တာတဲ့ အိမ်သုံးဖျော်ဖြေရေးပစ္စည်း ဝယ်လိုအားကြောင့် ဆက်ပြီး ထုတ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က