မော်ရင်ဟိုနဲ့ လီဗိုင်းအတွက်တော့ အပူလုံးကြွစရာသတင်းဖြစ်လာခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးရဲ့တန်ဖိုးဟာ ပေါင်သန်း ၁၅၀ အထိရှိတယ်လို့သိရပြီး လက်ရှိမှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။


တော့တင်ဟမ်တိုက်စစ်မှူးဟယ်ရီကိန်းဟာ အသင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ယုံကြည်မှုနည်းပါးလာခဲ့ကာ သူ့ရဲ့အနာဂတ်ကိုပါ စဉ်းစားနေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ The Telegraph ကတော့ ဟယ်ရီကိန်းက သူ့ရဲ့ကစားသမားဘဝနောက်တဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အသင်းကထွက်ခွာဖို့လို၊မလိုကို ဆွေးနွေးချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

စပါးနည်းပြမော်ရင်ဟို နဲ့ ဥက္ကဌလီဗိုင်းတို့ကတော့ ကိန်းကို အသင်းမှာဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်နေပေမယ့် ကစားသမားရဲ့ဆန္ဒကအရေးပါနေတာဖြစ်ပါတယ်။ မော်ရင်ဟိုကိုယ်တိုင်ကလည်း စပါးမှာ သူလိုချင်တဲ့ ပြုပြင်ပြောင်းလဲမှုအားလုံးကို မလုပ်ဆောင်နိုင်ဘူးလို႔ သတိပြုမိနေပြီး ကြယ်ပွင့်တိုက်စစ်မှူးအသင်းကထွက်ခွာမယ့်အရေးကို စိုးရိမ်နေတယ်လို့ သိရပါတယ်။ 

ဟယ်ရီကိန်းကတော့ စပါးနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး စပါးဥက္ကဌလီဗိုင်းကလည်း သူအသင်းမှာဆက်ရှိနေမယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း ထိပ်တန်းတိုက်စစ်မှူးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့နောက် အောင်မြင်မှုမရှိသလောက်ဖြစ်နေတဲ့ အနေအထားကို ကိန်းက အလိုမကျဖြစ်နေပြီး ကစားသမားဘဝအောင်မြင်မှုရရှိဖို့အတွက် တွေးတောလာခဲ့တာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးရဲ့တန်ဖိုးဟာ ပေါင်သန်း ၁၅၀ အထိရှိတယ်လို့သိရပြီး လက်ရှိမှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။ စပါးအနေနဲ့ ဟယ်ရီကိန်းမပါဝင်နိုင်ချိန်မှာ တိုက်စစ်ပိုင်းအခက်တွေ့နေခဲ့ရပြီး ဆွန်ဟောင်မင်ကို အားကိုးခဲ့ရကာ အခုအခါမှာ တောင်ကိုရီးယားကြယ်ပွင့်ကလည်း ဒဏ်ရာရရှိလို့ အနားယူခဲ့ရပြီး ရလဒ်တွေဆက်တိုက်ဆိုးရွားနေခဲ့ပါတယ်။

လာမယ့်ရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဖို့အတွက်တောင် စပါးက သေချာတဲ့အနေအထားမှာမရှိဖြစ်နေပါတယ်။ ဒါဟာ ဟယ်ရီကိန်းကို ခေါ်ယူချင်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့အတွက်တော့ အခွင့်အရေးကောင်းတစ်ခုအဖြစ်ရှိနေပြီး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် စောင့်ကြည့်မှုတွေ စတင်လာနိုင်တဲ့ အနေအထားမှာ ရှိနေပြီလို့လည်း Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က