ချဲလ်ဆီးရဲ့ သွင်းဂိုးအများစုကို မေဆန်မောင့်နဲ့အီဘရာဟမ်တို့က သွင်းယူပေးထားတာပါ။

ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံထားရတဲ့အတွက် ချဲလ်ဆီးအသင်းအနေနဲ့လူငယ်ကစားသမား အ များစုကိုသာ အသုံးပြုနေရတာလည်းဖြစ်ပါတယ်။

လက်ရှိပရီးမီးယားလိဂ်ပွဲစဉ်-၆ အပြီးတွင် ရလဒ်ပိုင်းအရ လိုအပ်ချက်ရှိနေပေမယ့် ချဲလ်ဆီးနည်းပြသ စ် လမ်းပတ်ရဲ့စွမ်းဆောင်မှုပိုင်းတွေက အသုံးစရိတ်များစွာအသုံးပြုခဲ့တဲ့ နည်းပြဟောင်းတွေရဲ့စွမ်းဆောင်မှုပိုင်းထက်မလျော့တဲ့အခြေအနေရှိနေခဲ့တာကို wikipedia မှတ်တမ်းတွေအရ သိရပါတယ်။

နည်းပြလမ်းပတ်အနေနဲ့ လက်ရှိပရီးမီးယားလိဂ်ပွဲစဉ် ၆ပွဲကစားပြီးချိန်မှာ ၂ပွဲနိုင်၊ ၂ပွဲသရေ၊ ၂ပွဲရှုံး ရလ ဒ်ရရှိထားတယ်ဆိုပေမယ့် အသင်းရဲ့တိုက်စစ်ပိုင်းကတော့ အကယ်ဒမီထွက်ကစားသမားအများစုနဲ့တ ည်ဆောက်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။



အရင်နည်းပြနှစ်ဦးဖြစ်တဲ့ ကွန်တီနဲ့ဆာရီတို့လက်ထက်တွေမှာ ချန်ပီယံဆုတွေရရှိခဲ့ပေမယ့် ကစား သ မားသစ်ခေါ်ယူမှုတွေနဲ့အတူ အသုံးစရိတ်များစွာရရှိခဲ့တဲ့အတွက် အောင်မြင်မှုရရှိခဲ့တာဖြစ်ပြီး လက်ရှိ နည်းပြလမ်းပတ်ကတော့ လူငယ်ကစားသမားအများဆုနဲ့အတူ ပုံစံကောင်းရယူပေးနေခဲ့တာလည် းဖြ စ် ပါတယ်။

ပရီးမီးယားလိဂ် ၆ပွဲ၊ ခါရာဘောင်းလိဂ်ဖလား ၁ပွဲကစားပြီးချိန်မှာ ချဲလ်ဆီးအသင်းရဲ့သွင်းဂိုးက ၁၉ ဂိုး အထိရှိလာခဲ့ချိန်က နည်းပြဟောင်းတွေဖြစ်တဲ့ ကွန်တီ၊ ဆာရီတို့ရဲ့ ပထမဦးဆုံးရာသီအစ ရလဒ်တွေ ထက် အသာရနေတာလည်းဖြစ်ပါတယ်။

နည်းပြလမ်းပတ်ရဲ့ လက်ရှိစွမ်းဆောင်မှုပိုင်းအရ ရလဒ်ပိုင်းလိုအပ်ချက်ရှိနေခဲ့ပေမယ့် ပရိသတ်အများ စုရဲ့ထောက်ခံမှုကိုရရှိထားတဲ့အတွက် ကစားသမားသစ်ခေါ်ယူမှုတွေပြန်လုပ်နိုင်ခဲ့ပါက အောင် မြင်မှု တွေရရှိလာလိမ့်မယ်လို့လည်း ဗြိတိန်မီဒီယာတွေဖြစ်တဲ့ TheSun၊ Mirror တို့ကလည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

Share

Loading Next Article...
က္က