LDRS တွေအတွက် သေချာပေါက်သိထားရမယ့်အခြေခံအချက်တွေကို ဖော်ပြပေးထားပါတယ်။

ချစ်သူနှစ်ယောက် ဝေးကွာနေချိန်၊ တယောက်တနေရာစီဖြစ်နေချိန်တွေမှာ နားလည်မှုတွေက အတော်လေး ကြိုးစားတည်ဆောက်ရပြီး ချစ်ခြင်းတရားခိုင်မြဲနေဖို့ကို နှစ်ယောက်လုံးက အထူးတလည်ကြိုးစားနေရပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင်တော့ အနေဝေးလို့ သွေးအေးသွားရတယ်ဆိုတာမျိုးတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီကနေ့မှာ ဝေးကွာနေတဲ့ ချစ်သူစုံတွဲလေးတွေ LDRS လေးတွေအတွက် အကျိုးရှိစေမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။



Photo: Study Break Magazine

၁။ အဆက်အသွယ် ပုံမှန်လုပ်ပါ။

ဘယ်လောက်ပဲ အလုပ်များပါစေဦး၊ ချစ်ရသူဆီ စာလေးတစောင်၊ မက်ဆေ့ချ်လေးတကြောင်းလောက် မဖြစ်မနေ ပို့ပါ။ ကျောင်းနဲ့အလုပ်တာဝန်တွေ ပြီးဆုံးသွားချိန်မှာလည်း နှစ်ယောက်သားအားလပ်ချိန်နဲ့ ကြုံကြိုက်ခဲ့မယ်ဆိုရင် Video Call ကတစ်ဆင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တစ်နေ့တာ အတွေ့အကြုံတွေကို ဖလှယ်နိုင်ပါတယ်။ LDRS ဘဝဆိုတာ ဘယ်တော့မှ ပိုမိုလွယ်ကူလာတာမျိုးမရှိဘဲ ပိုမိုခက်ခဲကြမ်းတမ်းလာတာချည်းပါပဲ။ အဲ့ဒါကြောင့် ဒီလိုအခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့အတွက်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ပုံမှန်အဆက်အသွယ်ရှိနေဖို့က အခြေခံကျပြီး အရေးကြီးတဲ့ကိစ္စရပ်ပဲဖြစ်ပါတယ်။

Photo: Goodtoknow

၂။ ခဏလောက်ဖြစ်ဖြစ် တွေ့ခွင့်ရချိန်တွေကို တန်ဖိုးထားပါ။

LDRS တွေ တစ်ယောက်နဲ့တစ်ယောက် အပြင်မှာတွေ့တဲ့အခါမှာ မလိုအပ်တဲ့အကြောင်းအရာတွေ၊ စိတ်ညစ်စရာတွေအတွက်ပဲ အချိန်ကုန်ခံ၊ စိတ်ညစ်ညူးမခံပါနဲ့။ တယောက်နဲ့တယောက် ကြင်နာယုယရင်း တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေကို ဖန်တီးပါ။ ဒီအခိုက်အတန့်တွေကို မှတ်တမ်းတင်ထားရင်း ဝေးနေတဲ့အချိန် ပင်ပန်းလာတဲ့အခါမှာ စိတ်ညစ်စရာတွေကို ပျော်စရာအခိုက်အတန့်တွေ ပြန်တွေးရင်း ကျော်ဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။

Photo: Popsugar

၃။ အမှတ်တရနေ့စွဲတွေကို အမြဲတမ်းမှတ်မိနေပါစေ။

နှစ်ယောက်ရဲ့ အထိမ်းအမှတ် နှစ်ပတ်လည်နေ့တွေ၊ မွေးနေ့တွေမှာ တယောက်နဲ့တယောက် မမေ့လျော့ဘဲ အသေးအဖွဲလေးပဲဖြစ်ဖြစ် အဝေးကနေ လှမ်းလုပ်ပေးနိုင်ဖို့က အရေးကြီးပါတယ်။ ဒါမျိုးက တယောက်အပေါ်တယောက် အချစ်မလျော့သွားဘူး၊ တန်ဖိုးထားလေးစားမှုတွေ မလျော့သွားဘူးဆိုတဲ့ အကောင်းဆုံးသက်သေပဲဖြစ်ပါတယ်။ သေးငယ်တဲ့လက်ဆောင်လေးတခုပင်ဖြစ်နေပါစေဦး၊ ချစ်သူရဲ့ စိတ်နှလုံးကို နွေးထွေးစေမယ်ဆိုရင် ဒါက ကမ္ဘာ့အကောင်းဆုံးလက်ဆောင်တစ်ခုဖြစ်ပါလိမ့်မယ်။

Photo: Yeah Weddings

၄။ အရာရာတိုင်းကို မြန်မြန်ဆန်ဆန် မကျော်ဖြတ်ပါနဲ့။

ချစ်သူနှစ်ယောက် ရည်းစားသက်တမ်းကြာလာတာနဲ့အမျှ ပြောစရာစကားကုန်သွားတတ်တယ်ဆိုတာမျိုးကို ကြားဖူးမှာပါ။ အထူးသဖြင့် ဝေးနေတဲ့ချစ်သူနှစ်ယောက်အကြားမှာ ဒါက ကြီးမားတဲ့ပြဿနာကို ဦးတည်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် ဘယ်လိုအကြောင်းအရာမျိုးမှာမဆို စိတ်မလောဖို့ အဓိကသတိပေးချင်ပါတယ်။ Good Things Take Time ဆိုတဲ့စကားနဲ့အညီပဲ ကောင်းမွန်တဲ့အရာတွေကို ဖြည်းဖြည်းချင်းတည်ဆောက်သွားရင်း နှစ်ယောက်သားအတွက် လတ်ဆတ်နေမယ့် Relationship တခုကို ဖန်တီးဖို့ အကြံပေးချင်ပါတယ်။

Photo: Lifehack

၅။ ဘယ်သူ့ကိုမှ သက်သေပြနေစရာမလိုတဲ့အကြောင်းကို သတိရပါ။

သင့်ချစ်သူနဲ့ သင်နဲ့အကြား ဝေးကွာနေတာကြောင့် သူငယ်ချင်းအပေါင်းအသင်းနဲ့ မိသားစုရှေ့မှာ ထုတ်မပြနိုင်တဲ့အခါ ဘာကိုမှစိတ်ပျက်နေစရာ မလိုအပ်ပါဘူး။ ကောင်းမွန်တဲ့ သမီးရည်းစားဆက်ဆံရေးဆိုတာက ဘေးစကား တစ်ခွန်းပါဒမျှ မဝင်နိုင်တဲ့ ဆက်ဆံရေးတခုဆိုလည်း မမှားပါဘူး။ သင်နဲ့သင့်ချစ်သူက တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝ ယုံကြည်ပြီး ချစ်ခြင်းမေတ္တာအစစ်နဲ့ ချစ်မြတ်နိုးတယ်ဆိုရင် ဒီအတွက် အခြားသူတွေကို အထူးတလည် သက်သေပြနေစရာမလိုအပ်တော့ပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က