နည်းပြရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခံနေရသူပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီအစကို ဆိုးရွားစွာ ရုန်းကန်နေရပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်က ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြဆိုးလ်ရှားဘက်ကနေ ကာကွယ်ပြောကြားခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားခဲ့တာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးနဲ့ ယှဉ်ပြိုင်မကစားမီ တန်းဆင်းဇုန်ရဲ့အထက် ၂ မှတ်အကွာ အဆင့် ၁၂ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားဟာ ယာယီနည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့တဲ့အချိန်တုန်းက အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် အံ့အားသင့်ဖွယ် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့မတ်လမှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက်မှာတော့ ပြိုင်ပွဲစုံ ၂၃ ပွဲမှာ ၅ ပွဲသာ အနိုင်ရရှိခဲ့ပြီး ရာသီကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

အသင်းဟာ လက်ရှိအချိန်မှာ ပြဿနာတွေ ရင်ဆိုင်နေရပေမယ့်လည်း အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်က ဆိုးလ်ရှားဟာ နည်းပြရာထူးအတွက် သင့်တော်တဲ့သူဖြစ်ပြီး ၎င်းရဲ့ ဘောလုံးအတွေးအခေါ်နဲ့ တန်ဖိုးဟာ အသင်းကို ရောင်ပြန်ဟပ်နေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။



“အိုလီရဲ့ ရည်မှန်းချက်မြေပုံက ကျွန်တော်တို့ရဲ့ အဓိကပင်မ ရည်မှန်းချက်ပန်းတိုင်နဲ့ လုံးဝကို ထပ်တူကျပါတယ်။ ကျွန်တော်တို့ ဆုဖလားတွေ ရရှိရမယ်။ ကျွန်တော်တို့ တိုက်စစ်ကစားရမယ်။ ပြီးတော့ ကျွန်တော်တို့ လူငယ်တွေကို သူ့တို့ရဲ့အခွင့်အရေးကို ပေးရမယ်”

“ပြီးခဲ့တဲ့ရာသီအလယ်ပိုင်းမှာ အိုလီရောက်ရှိလာခဲ့ပြီးနောက် ကျွန်တော်တို့ လိုချင်တဲ့အရာ၊ ကျွန်တော်တို့ ရောက်ချင်နေတဲ့နေရာနဲ့ အကိုက်အညီဆုံးလို့ ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ အသင်းက လျင်လျင်မြန်မြန်ကစားပြီး ရှင်းလင်းတဲ့ တင်ဆက်ပုံနဲ့ နည်းပြလိုချင်တဲ့ အတွေးအခေါ်အတိုင်း ကစားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်”လို့ အသင်းဝန်ထမ်းတွေကို ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က