နည်းလမ်းလေးကိုလည်း ပြောပြထားတယ်နော်။

ပိန်ဆေးတွေမသောက်ပဲ အစားအသောက်နဲ့ ခန္ဓာကိုယ်ကို ထိန်းခဲ့တာကြောင့် ပေါင်(၂၀)ကျော် ကျသွားခဲ့တဲ့ အကြောင်းကို ပရိသတ်တွေကို ပြောပြထားတာတွေ့ရပါတယ်။

Photo : မေသက်ခိုင် FB

 

အနုပညာအလုပ်တွေ နားထားတဲ့ သရုပ်ဆောင်မေသက်ခိုင်ဟာ သူမဝါသနာပါရာ ပရဟိတအလုပ်လေးတွေကို လုပ်ကိုင်နေတာ တွေ့ရ ပါတယ်။  မြန်မာနိုင်ငံ ပြန်ရောက်နေတဲ့ အချိန်အတောအတွင်းမှာလည်း နာရေးကူညီမှုအသင်းနဲ့အတူ ပရဟိတအလုပ်တွေ ဝင်လုပ်လျက်ရှိပါတယ်။

မေသက်ခိုင်ဟာ အနုပညာအလုပ်တွေနဲ့ ကင်းကွာနေပေမယ့်လည်း သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ပရိသတ်တွေအတွက် အမြဲတမ်းတင်ပေးနေတာ တွေ့ရပါတယ်။

Photo : မေသက်ခိုင် FB

စက်တင်ဘာ(၂၉) ရက်နေ့ကလည်း (၂)လအတွင်းမှာ ပိန်ဆေးတွေမသောက်ပဲ အစားအသောက်နဲ့ ခန္ဓာကိုယ်ကို ထိန်းခဲ့တာကြောင့် ပေါင်(၂၀)ကျော် ကျသွားခဲ့တဲ့အကြောင်းကို  ပရိသတ်တွေကို ပြောပြထားတာတွေ့ရပါတယ်။သူမကိုယ်တိုင်က သွေးအမြဲလှူနေကျသူ ဖြစ်သလို Dead Body လှူထားသူတစ်ယောက်ဖြစ်တာကြောင့် ပိန်ဆေးတွေ၊ အစာအငတ်ခံပြီး ဝိတ်လျှော့တဲ့နည်းတွေနဲ့ ဖြတ်လမ်းနည်းတွေကို မလိုက်ချင် ခဲ့တာပါတဲ့။

Photo : မေသက်ခိုင် FB

နာရေးကူညီမှုအသင်းမှာ လုပ်အားပေးခဲ့တဲ့ မေသက်ခိုင် 

ဒါကြောင့် ခန္ဓာကိုယ် အလေးချိန်ကျဖို့အတွက် နည်းစနစ်ကျပြီး ကျန်းမာစေတဲ့ နည်းလမ်းကိုပဲ ရွေးချယ်တယ်ဆိုပြီး သူမက ပြောထားပါတယ်။

"ပထမဆုံးပြောချင်တာက ဆရာဝင်းဦး ကို ကျေးဇူးအထူးတင်ပါတယ်။ကိုယ်ဟာ ဆရာတော်တော်ကိုတည့်မတ်ပေးရတဲ့သူပါ။ အစားအသောက် က မကြိုက်တာတွေကများနေတော မြဲတမ်းဆရာ့ကို menu အသစ်တွေပါထွင်ခိုင်းရမလိုပါပဲ ။အိပ်ချိန်ဆိုတာလည်း လုံးဝကိုမမှန်တာပါ။ stress လည်းအလွန့်အလွန်များပါတယ်။လေ့ကျင့်ခန်းလည်း နည်းနည်းလမ်းလျှောက်တာကလွဲပြီးဘာမှမလုပ်ဖြစ်ပါဘူး (ဒါတောင်တခါတလေမှပါ)မုန့်တွေလည်းအစားများပါတယ်။ပြစ်ချက်ပေါင်းစုံ ဝစေတဲ့အကြောင်းအရာပေါင်းစုံပြည့်နေတဲ့သူပါ။ စိတ်လေ့ ကျင့်ခန်းတော့နေ့တိုင်း နား ထောင် ပြီး လိုက်နာပါတယ်။ထမင်းအရမ်းကြိုက်တဲ့လူမို့ စစချင်းမှာစားနိုင်ပါ့မလားစိုးရိမ်မိခဲ့ပါတယ် အခုအချိန်မှာ တော့ ထမင်းများများကို မစားတတ်တော့တာပါ။ ပိန်ချင်တယ်ဆိုတာထက် ကျန်းမာရေးအတွက် နည်းစနစ်ကျတဲ့နေမှု ထိုင်မှုစားသောက်နည်းပါပဲ" လို့ သူမက ဆိုပါတယ်။

Photo : မေသက်ခိုင် FB

 

ဒီလို ပေါင်(၂၀)ကျော်ကျဖို့ သူမအချိန်ဘယ်လောက်ယူခဲ့ရလဲဆိုတာကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

"အချိန်ဘယ်လောက်ယူရလဲသိချင်တဲ့သူများအတွက်ပထမ ၁ လခွဲမှာ ၁၇ ပေါင်ကျနေပါပြီ (ထမင်းအရမ်းကြိုက်တဲ့လူမို့ ထမင်းလျှော့တော့ သိသာတာမြန်တယ်ထင်မိပါတယ်)ဒုတိယလမှာ ဝိတ်ကတန့်တယ်လို့ဆရာပြောထားတဲ့အတိုင်းပါပဲ။ ၃ ပေါင်လောက်အတွင်းမှာပဲ တက်လိုက် ကျလိုက်လည်နေပါတယ်။အခု ရေးထားတဲ့ 23 lb ကျချိန်က အချိန် ၂ လခွဲကျော်ပါ။လေ့ကျင့်ခန်းလုပ်ပြီး ကိုယ့်လိုဆရာ့ကိုဂျီမကျရင် ဒီထက်ပိုပြီး ရလဒ်ကောင်း ပါလိမ့်မယ်၊"ဆိုပြီး စက်တင်ဘာ(၃၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : မေသက်ခိုင် FB

 

သရုပ်ဆောင်မေသက်ခိုင်ဟာ အနုပညာလောကနဲ့ နည်းနည်း အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ မတွေ့ရတော့တဲ့ မေသက်ခိုင်ကို ပရိသတ်တွေက ဇာတ်ကားပြန်ရိုက်ဖို့ တောင်းဆိုထားတာတွေလည်း Comment တော်တော်များများမှာ တွေ့ရပါတယ်။

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စဖွယ်အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေသက်ခိုင်ဟာ ပရိသတ်တွေချစ်တဲ့ အားပေးတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်သလို ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီမေသဉ္ဇာဦးရဲ့ အနုပညာမျိုးဆက်သစ် တူမတော်စပ်သူ လေးဖြစ်ပါတယ်။

Share

Loading Next Article...
က္က