အတ္တလန်တာတိုက်စစ်မှူး လွတ်ခ်မန်းကတော့ မနေ့ညက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ လေဗာကူဆင်ဘက်ကို ဟက်ထရစ်သွင်းပြီး စံချိန်မှတ်တမ်းကောင်းတွေကိုပါ ပိုင်ဆိုင်သွားခဲ့ပါတယ်။ အတ္တလန်တာကလည်း လေဗာကူဆင်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိကာ ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။
လွတ်ခ်မန်းဟာ ပထမပိုင်းကတည်းက အတ္တလန်တာအတွက် နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။ အဲ့ဒီအချိန်မှာကတည်းက လွတ်ခ်မန်းဟာ ယူအီးအက်ဖ်အေအောက်က အဓိကပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံး အာဖရိက,ကစားသမားအဖြစ် မှတ်တမ်းဝင်နေခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ အတ္တလန်တာအတွက် ပွဲသိမ်းဂိုးလည်းဖြစ်၊ သူ့အတွက် ဟက်ထရစ်လည်းဖြစ်စေမယ့် သွင်းဂိုးကို လွတ်ခ်မန်းက ထပ်မံ သွင်းယူနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း လွတ်ခ်မန်းက ယူအီးအက်ဖ်အေအောက်က အဓိကပြိုင်ပွဲကြီးတွေမှာ ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံး အာဖရိက,ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့တာပါ။
လွတ်ခ်မန်းဟာ အဲဗာတန်၊ လိုက်ပ်ဇစ်တို့မှာလည်း ကစားခဲ့ဖူးတဲ့ ကစားသမားပါ။ လိုက်ပ်ဇစ်ကတစ်ဆင့် လက်စတာ၊ ဖူလ်ဟမ်တို့မှာ အငှားနဲ့ ထွက်ကစားခဲ့ရပြီး သူ့ရဲ့ ကစားသမားဘဝက တော်တော်လေး ရုန်းကန်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲတစ်ပွဲတည်းမှာ သွင်းယူနိုင်ခဲ့တဲ့ သူ့ရဲ့ သွင်းဂိုးအရေအတွက်က အဲဗာတန်မှာ လိဂ်ပွဲ (၃၆) ပွဲကစားပြီး သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးအရေအတွက်ထက် ပိုများခဲ့ပါတယ်။ လွတ်ခ်မန်းဟာ အဲဗာတန်အတွက် လိဂ်သွင်းဂိုး (၁) ဂိုးတည်း သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး အတ္တလန်တာနဲ့အတူ ယူရိုပါလိဂ်ဖိုင်နယ်မှာတော့ သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ရပါတယ်။