စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှာဗိုင်းရပ်စ်တစ်မျိုးကြောင့် တစ်ပတ်ကိုကျွဲကောင်ရေ ၃ ကောင်လောက်သေဆုံးမှုရှိနေတယ်လို့ သိရပါတယ်။

Photo ဦးရိထင်

"မတ်လကနေ ဒီနေ့အထိ တစ်ပတ်၂ကောင်ကနေ ၃၊၄၊၅ကောင်အထိ သေတယ်။ နောက်တစ်ပတ်ခြားဆို ေ၄၊၅၊၁၀ကောင်လောက်သေလိုက်ဖြစ်နေတာ။ အခုအထိတော့ အကောင် ၁၀၀ ကျော်အထိရှိသွားပါပြီ။ အရင်ရောဂါအခံရှိလို့ ကာကွယ်ဆေးမထိုးထားတဲ့အပိုင်းရှိတယ်။ ကာကွယ်ဆေးမမီတဲ့အပိုင်းတွေလည်းရှိတယ်"လို့လေရှီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရိထင်ကပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက ကျွဲသေဆုံးမှုတွေစတင် ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအထိ ဆိုရင်ကျွဲအကောင်ရေ ၁၀၀ကျော်အထိသေဆုံးမှုရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ယခုအထိသေဆုံးပြီးတဲ့ကျွဲတွေဟာ အမောဆို့ပြီး နှာခေါင်းမှနှာရည်များယိုကာ သေဆုံးခြင်းဖြစ်တယ်လိုဆိုပါတယ်။

Photo ဦးရိထင်

ကျွဲတွေသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူးဒေါက်တာမြင့်စိုးကတော့ "အဖြေကတော့ မသိရသေးဘူး၊ မန္တလေးရောဂါရှာဖွေရေးဓာတ်ခွဲခန်းကိုပို့ထားတယ်"လို့ ပြောပါတယ်။ လက်ရှိမှာတော့ ကျွဲသေဆုံးမှုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်မြို့နယ်တာဝန်ရှိသူတွေက ကျေးရွာတွေမှာ လိုက်လံအသိပညာပေးတာတွေ၊ ကူးစက်ခံရမှု မရှိသေးတဲ့ကျွဲတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့အတွက်ပြောဆိုဟောပြောတာတွေလုပ်နေတယ်လို့သိရပါတယ်။ ကျွဲတွေ သေဆုံးမှုဖြစ်ပွားနေတဲ့နေရာတွေကတော့ လေရှီးမြို့နယ်ထဲက တွန်ဒတစ်အုပ်စု၊ စွမ်ပရာမြို့၊ ကွန်ကံလုံအုပ်စုနဲ့ ကူကီးအုပ်စုတို့ဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က