Xiaomi 12 Ultra ဖြစ်ဖို့ များပါတယ်။

နာမည်ကျော် ဂျာမန်ကင်မရာနည်းပညာ Leica နဲ့ ရေရှည်ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း Xiaomi က အတည်ပြုလိုက်ပါတယ်။ 

၂၀၂၂ ဇူလိုင်လထဲမှာ မိတ်ဆက်သွားမယ့် Xiaomi Flagship ဖုန်းအတွက် အခုကတည်းက ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေကြပြီလို့ ဆိုပါတယ်။ ဂျာမန်ကုမ္ပဏီကုမ္ပဏီ Leica အနေနဲ့ Sharp ၊ Huawei ၊ Panasonic တို့ပြီးရင် နောက်ထပ် မိုဘိုင်းဓါတ်ပုံနည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။ 





နာမည်ကျော်ကင်မရာ Brand တွေရဲ့ နည်းပညာအကူအညီနဲ့ စမတ်ဖုန်းဓါတ်ပုံအဆင့်မြှင့်တင်မှု လုပ်တဲ့ တရုတ်ဖုန်းကုမ္ပဏီတွေထဲမှာ Xiaomi က ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ Vivo ဟာ Sony-Nokia ပေါင်းစည်းမှုကနေ Zeiss နည်းပညာ သုံးခဲ့သလိုမျိုး ကုမ္ပဏီထုတ် နောက်ဆုံးပေါ် X80 Series တွေမှာ Zeiss နည်းပညာ သုံးလာပြီး စမတ်ဖုန်းဓါတ်ပုံစွမ်းရည်ကို မြှင့်တင်လာခဲ့ပါတယ်။ 

တခြား တရုတ်စမတ်ဖုန်းတွေ ဖြစ်တဲ့ OPPO ၊ OnePlus တို့လည်း Find X5 Series နဲ့ OnePlus 10 Pro တို့လို Flagship စီးရီးမှာ ဆွီဒင်ကင်မရာနည်းပညာ Hasselblad သုံးလာခဲ့ပါတယ်။ Xiaomi အနေနဲ့ Leica နည်းပညာ ပါလာမယ့် ဖုန်းနာမည်နဲ့ အချက်အလက်တွေအကြောင်း ပြောကြားခြင်းတော့ မရှိသေးပါဘူး။ အတော်များများကတော့ Xiaomi 12 Ultra ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က