ကိုယ်က အားကစားမလုပ်တော့တဲ့အချိန်မှာ Muscle တွေကနေ အဆီအဖြစ်ကို ပြောင်းလဲသွားတယ်

ဒီတစ်ခေါက်တော့ အားကစားသမားတွေကြားမှာ အမေးများနေတဲ့ မေးခွန်း လေးတစ်ခုရဲ့ အဖြေကို မဒီက ပြောပြပေးသွားမှာ ဖြစ်ပါတယ်။အဲဒါကတော့ အားကစားပုံမှန် လုပ်နေကြသူတွေအနေနဲ့ အကြောင်း အမျိုးမျိုးကြောင့် လေ့ကျင့်ခန်း ဆက်မလုပ်ဖြစ်ခဲ့ ဘူးဆိုရင် သူတို့မှာ ရှိတဲ့ Muscle တွေက အဆီအဖြစ်ကို ပြောင်းလဲသွားနိုင်လားဆိုတဲ့ မေးခွန်းရဲ့ အဖြေပဲဖြစ်ပါတယ်။

ကိုယ်က အားကစားမလုပ်တော့တဲ့အချိန်မှာ Muscle တွေကနေ အဆီအဖြစ်ကို ပြောင်းလဲသွားတယ်

ဆိုတာဟာ တကယ်တော့ လုံး၀ လုံး၀ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာလို့ ခန္ဓာကိုယ်က အားကစား လုပ်နေတဲ့ အချိန်ကလို တောင့်တင်းမှုမရှိဘဲ အဆီတွေ များလာပြီး ဝိတ်တက်လာရတာလဲ။ ဒီမေးခွန်းရဲ့ အဖြေကိုလည်း ပြောပြပေးပါမယ်။ လေ့ကျင့်ခန်းမလုပ်တော့တဲ့အခါ ခန္ဓာကိုယ်က လှုပ်ရှားမှုသိပ်မရှိတော့တဲ့အတွက် ကယ်လိုရီလောင်ကျွမ်းနှုန်း နည်းလာပြီး Fat Cell တွေနေရာယူမှု များလာတဲ့အတွက် အသားတွေပျော့တွဲလာတာဖြစ်ပါတယ်။ Muscle ကနေ Fat ( အဆီ ) ပြောင်းသွားတာမျိုးမဟုတ်ပါဘူး။ ပုံမှန်လူတစ်ယောက်အနေနဲ့ အားကစား မလုပ်ဖြစ်တဲ့ အချိန်တွေမှာ အစားသောက်ကို မဆင်မခြင် စားသောက်တာများပါတယ်။ ဒီလိုစားသောက်တဲ့ အထဲမှာမှ Muscle ကို Build up လုပ်ပေးနိုင်တဲ့ အစားအစာတွေ အစား အဆီ (Fat) တွေကို တိုးစေနိုင်တဲ့ အသင့်စား အစားအသောက်တွေ (Fast food, Gas Drink, Cheese, Oil and Fry Food) စတဲ့ အစားတွေကို သာ စားသောက်ကြတဲ့အတွက် ခန္ဓာကိုယ်မှာ Muscle ရာခိုင်နှုန်းထက် Fat ရာခိုင်နှုန်းက ပိုတိုးလာပြီး ဝလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်မှာ ရှိတဲ့ Muscle Tissue တွေဟာ အချိန်နဲ့ အမျှ ပျက်စီး နေတာဖြစ်တဲ့အတွက် ဒီလို ပျက်စီးသွားတဲ့ Muscle ကို တည်ဆောက်တဲ့အခါမှာ အဓိကအနေနဲ့ ခန္ဓာကိုယ်က Protein, Amino Acid and Water စတဲ့ အရာတွေ လိုအပ်ပါတယ်။ Amino acid မှာဆိုရင်တော့ အသားတွေကရတဲ့ Amino acid (meat, milk, fish and eggs) ၊ အသီးအရွက်နဲ့ အစေ့အဆံ ကနေ ရတဲ့ Amino acid (soy, beans, nut and grains) ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါတွေကိုသာ ပုံမှန်စားပေးမယ်ဆိုရင် ပျက်စီးသွားတဲ့ Muscle Tissue တွေ နေရာမှာ ပြန်ပြီး Muscle Build up ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ Muscle ကို တည်ဆောက်ပေးနိုင်တဲ့ အစားအစာတွေကို စားရုံနဲ့ လုံလောက်ပြီလား မေးရင်းတော့ မလုံလောက်သေးဘူးလို့ ဖြေရမှာပါ။ ဒီအစားအစာတွေကို စားပေးရင် Muscle ကို Build up လုပ်တဲ့ နေရာမှာပဲ အထောက်ကူပဲ ဖြစ်စေတာပါ။ တချို့လူတွေက ငါ့မှာ Muscle ရှိရင် ရပြီ။ တင်းတင်းရင်းရင်း ရှိဖို့ မလိုဘူးစတဲ့ ဒီလိုအတွေးမျိုးတွေးတဲ့ လူတွေလည်း ရှိပါတယ်။ ဒီလို လူတွေကို ပြောချင်တာကတော့ ကိုယ့်မှာတော့ Muscle ရှိပြီး တောင့်တင်း ကြံ့ခိုင်မှု မရှိရင် ဘာနဲ့ တူလဲဆိုတော့ 'လေမရှိတဲ့ ကားတာယာ' နဲ့ တူပါတယ်။ ဘာလို့လဲဆိုရင် အပြင်ပိုင်းကြည့်ရင် သန်မာမလိုလိုနဲ့ အတွင်းပိုင်းမှာကတော့ အသုံးမဝင်သလို ဖြစ်နေမှာပါ။ ဒါကြောင့် Muscle တောင့်တင်း ကြံခိုင်မှုကိုပါ ရချင်ရင်တော့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို ပုံမှန်ထက်ပိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ပုံမှန်ထက်ပိုတဲ့ လှုပ်ရှားမှုဆိုတာ Gym ကိုသွားပြီး Exercise လုပ်တာကိုပဲ ပြောတာ မဟုတ်ပါဘူး။ ဥပမာ ပုံမှန်လူတစ်ယောက်အနေနဲ့ ရေမချိုးခင် ၁၀မိနစ်၊ ၁၅ မိနစ်လောက် အချိန်ပေးပြီး ဒိုက်ထိုးတာ(Push-up)၊ ထိုင်ထလုပ်တာ (Squat)၊ ဗိုက်ရိုက်တာ (Crunch) စတဲ့ လေ့ကျင့်ခန်း အနည်းငယ်ကို အချိန်အနည်းငယ်ပေးပြီး လုပ်ပေးမယ်ဆိုရင်တော့ Muscle ကြံ့ခိုင်မှုကို ထိန်းသိမ်းထားနိုင်မှာပါ။

ကဲ ဒီလောက်ဆိုရင်တော့ မဒီလေးတို့ရဲ့ Muscle တွေဟာ Exercise မလုပ်တော့တဲ့အချိန်မှာ အဆီ အဖြစ်ကို ပြောင်းလဲသွားတာ မဟုတ်ဘူးဆိုတာကို သိလောက်ပြီထင်ပါတယ်။ ဒါကြောင့် Exercise လုပ် နေတဲ့ သူတွေရော၊ စလုပ်မယ့်သူတွေပါ ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်မှုရှိရှိ စပြီး Exercise လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

အားကစားလုပ်ခြင်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိချင်ရင်တော့ Real Fitness Gym Center မှာအခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ကြောင်းလည်းသတင်းကောင်းပါးချင်ပါတယ်။ ။ Real Fitness Gym မှ Trainerတွေက မိမိနဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို အကြံပြုဆွေးနွေးပေးမှာပါ။ Real Fitness Gym အကြောင်း အသေးစိတ်အချက်အလက်တွေကိုတော့ သူတို့ရဲ့ Facebook Page => https://www.facebook.com/SignatureRealFitness/ မှာသွားရောက်လေ့လာနိုင်ပါတယ်။

(ဒီသတင်းကို Real Fitness Gym မှပံ့ပိုးကူညီထားပါတယ်)

Share

Loading Next Article...
က္က