ဟာဇက်အနေအထားက တော်တော်လေးဆိုးရွားနေပြီလို့ ဆိုပါတယ်။

စပိန်သတင်းစာ Relevo ရဲ့ ဖော်ပြချက်အရ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်လူငယ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လေ့ကျင့်ခန်းအစီအစဉ်မှာ ဟာဇက်က စိတ်ပျက်ဖွယ်ရာ စွမ်းဆောင်ရည်တွေကိုသာ ပြသခဲ့ပြီး အကယ်ဒမီကစားသမားတွေကို ကျော်ဖြတ်နိုင်ဖို့တောင် မနည်းရုန်းကန်နေရတယ်လို့လည်း သိရပါတယ်။ 

ဟာဇက်ကို မြင်တွေ့ရတာက ရုပ်ပိုင်းဆိုင်ရာအရ အားနည်းနေပြီး စိတ်ဓာတ်ပါကျဆင်းနေတယ်လို့လည်း Relevo က ဖော်ပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံအတွက်လည်း ရွေးချယ်မခံရတော့တဲ့ ဟာဇက်က ရီးရဲလ်မှာ ပွဲကစားခွင့်ပျောက်ဆုံးနေတာ အရမ်းကြာမြင့်နေပြီဖြစ်ပြီး လူစားဝင်ကစားခွင့်တောင်မှ ရှားပါးနေတာဖြစ်ပါတယ်။ 

အန်ဆယ်လော့တီနဲ့လည်း စကားမပြောတာ ကြာမြင့်နေပြီဖြစ်ကာ သူ့ရဲ့ ကစားသမားဘ၀က ပြီးဆုံးသွားပြီလို့တောင်မှ ပြောလို့ရတဲ့ အနေအထားဖြစ်လာခဲ့ပါတယ်။ အခုလည်း လေ့ကျင့်ရေးကွင်းမှာ ချာတိတ်လေးတွေနဲ့အတူ ကစားရပေမယ့် သူ မကျော်လွှားနိုင်ဖြစ်ခဲ့ရပြီး ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲရဖို့က သေချာသလောက်ရှိလာခဲ့ပါပြီ။

တချိန်က ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့ပြီး နာမည်ကျော်နောက်ခံလူတွေကို Dribbles တွေ လုပ်ကာ ကျော်ဖြတ်နိုင်ခဲ့ပြီး တနှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ဟာဇက်က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့ချိန်ကစလို့ ဟာဇက်က ခြေစွမ်းပျောက်ဆုံးနေခဲ့တာ အခုဆိုရင် ၃ နှစ်အထိ ရှိလာခဲ့ပါပြီ။ 

Share

Loading Next Article...
က္က