မာနေးကတော့ ကြောင်တောင်တောင်နဲ့ ကျန်နေရစ်ခဲ့ပါတယ်။

ဘိုင်ယန်နည်းပြဖြစ်လာပြီးနောက်မှာ မာနေးနဲ့ ပတ်သက်ပြီး ပြသနာတွေရှင်းခဲ့ရတဲ့ သောမတ်တူချယ်လ်ဟာ အသင်းလေ့ကျင့်ရေးကွင်းမှာ မာနေးနဲ့ နောက်ထပ်ပြောစရာကိစ္စတွေ ဖြစ်ခဲ့ပြန်ပါတယ်။ အဲဲဒါကတော့ မာနေးက လေ့ကျင့်ရေးကွင်းမှာ မတ်တပ်ရပ်နေချိန်မှာ တူချယ်လ်တယောက် သူ့ဘောင်းဘီကို ဆွဲချမိခဲ့တာပဲဖြစ်ပါတယ်။ 

မာနေးဟာ နည်းပြအဖွဲပဝင်တဥိးနဲ့အတူ ကစားပြောနေချိန်မှာ လက်ပိုက်ထားခဲ့ပါတယ်။ ဒီအချိန်မှာ ကင်မရာကလည်း လေ့ကျင့်ကွင်းအလယ်ကို ရိုက်ပြနေပြီး တူချယ်လ်က မာနေးရဲ့ ဘောင်းဘီအပြာကို နောက်ကနေ ဆွဲချလိုက်တာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာ တူချယ်လ်က လေ့ကျင့်ကွင်းထဲ လျှောက်သွားနေခဲ့ပြီး ဘောင်းဘီကိုဆွဲချပြီးနောက်မှာလည်း သူ ဘာမှမသိဟန်မျိုးရှိနေခဲ့ပါတယ်။



မာနေးကတော့ ဘောင်းဘီကျွတ်ကျသွားချိန်မှာ ကမန်းကတန်းနဲ့ လိုက်ဆွဲခဲ့ရပြီး တူချယ်လ်ကို ကြောင်တောင်တောင်နဲ့ လိုက်ကြည့်နေခဲ့ပါတယ်။ တူချယ်လ်တယောက် မာနေးနဲ့ ဆုံချိန်မှာမှ ဘာတွေဖြစ်နေလဲကို မသိအောင်ပါပဲ။ ဆာနေးနဲ့ မာနေးကြား ပြသနာကိုလည်း သူ တော်တော်ရှင်းယူခဲ့ရပြီး အခုလည်း ဘောင်းဘီကို ဆွဲချွတ်သွားခဲ့တာပါ။ 

သူကတော့ စနောက်ဟန်ရှိခဲ့ပြီး မာနေးကတော့ ကပျာကယာဖြစ်ခဲ့ပြီး ရယ်ချင်စရာဖြစ်ခဲ့ရပါတယ်။ မာနေးဟာ ဘိုင်ယန်ကို ရောက်ရှိခဲ့ပြီးနောက် အစောပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက်မှာ ပုံမှန်ခြေစွမ်းပြန်ရဖို့ကို အားထုတ်နေရသလို သူ့အနာဂတ်ကလည်း မတည်မငြိမ်ဖြစ်နေပြီး ရာသီကုန်ရင် အသင်းပြောင်းဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။ 


Share

Loading Next Article...
က္က