မက်ဂွိုင်းယားရဲ့ စကေးလ်ပြသွားတာတွေကတော့ တကယ့်ရှယ်ပါပဲ။

အင်္ဂလန်နောက်ခံလူဟယ်ရီမက်ဂွိုင်းယားကတော့ အသင်းလေ့ကျင့်ရေးကွင်းမှာ အားလုံးကို မျက်လုံးပြူးလောက်စေမယ့် စွမ်းဆောင်ရည်တွေ ပြသနေပါပြီ။ နည်းပြဆောက်ဂိတ်ရဲ့ အပြည့်အ၀ယုံကြည်အားကိုးမှုကို ရရှိထားတဲ့ မက်ဂွိုင်းယားဟာ ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ဆုံးရှုံးနေပေမယ့်လည်း အင်္ဂလန်နဲ့အတူ ကာတာကို လိုက်ပါခွင့်ရခဲ့တာဖြစ်ပါတယ်။ 

သူ့ရဲ့ လွဲချော်တဲ့ကစားဟန်တွေကြောင့် ပရိသတ်တွေကြားမှာ အလှောင်ပြောင်ခံနေရသူတဦးအဖြစ် ရှိနေပေမယ့် ဆောက်ဂိတ်ကတော့ သူ့အသင်းရဲ့ အကောင်းဆုံးဗဟိုခံစစ်မှူးက မက်ဂွိုင်းယားလို့ အခိုင်အမာကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒီနောက်မှာ ကာတာကမ္ဘာ့ဖလားအတွက်လည်း မက်ဂွိုင်းယားကို ရွေးချယ်ခေါ်ယူခဲ့ပြီး ဝေဖန်ခံရတာတွေရှိပေမယ့် သူ့ယုံကြည်ချက်ကိုတော့ မစွန့်လွှတ်ခဲ့ပါဘူး။



တွစ်တာမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တခုမှာတော့ မက်ဂွိုင်းယားက အသင်းလေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေကို လှလှပပကျော်ဖြတ်ကာ ဂိုးကန်သွင်းနေတာဖြစ်ပါတယ်။ ဘောလုံးကို ကြားဖြတ်လုယူအပြီးမှာ မက်ဂွိုင်းယားက ပြိုင်ဘက်တွေကို လှပတဲ့ပုံစံတွေနဲ့ လိမ်ခေါက်ကျော်ဖြတ်ခဲ့တာကို တွေ့ရမှာပါ။ ဇီဒန်းကွက်လို့ နာမည်ကျော်တဲ့ လိမ်ခေါက်ဟန်ကိုပါ အသုံးပြုခဲ့တာပါ။ 

ဒီနောက် ဂိုးပေါက်နဲ့အနီးကပ်ရောက်ချိန်မှာတော့ မက်ဂွိုင်းယားက ဂိုးပေါက်ကန်သွင်းမှုပါ ပြုလုပ်ခဲ့တာကို မြင်တွေ့ရပါတယ်။ အဆိုပါရုပ်သံဖိုင်က တော်တော်လေးပျံ့နှံ့နေပြီး မက်ဂွိုင်းယားရ​ဲ့ စွမ်းဆောင်ရည်ကို ချီးကျူးမှုတွေရှိနေပါတယ်။ ယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ဖို့ အားထုတ်နေရတဲ့ မက်ဂွီုင်းယားက လက်ရွေးစင်အသင်းမှာ ရှယ်ခြေစွမ်းပြနေတယ်လို့လည်း ဆိုနေကြပါတယ်။ 

Share

Loading Next Article...
က္က