ရန်းဂ်နစ်ခ်က ပြင်းပြင်းထန်ထန်ကို လေ့ကျင့်နေစေတာပါ။

ပြိုင်ဘက်ဆီက ဘောလုံးပြန်လည်ရရှိအောင် အပြင်းအထန်ဖိအားပေးကစားတဲ့ နည်းလမ်းကို အသုံးပြုတဲ့ ဂျာမန်တို့ရဲ့ ဘောလုံးခေါင်းကိုင်ဖခင်ကြီး ရန်းဂ်နစ်ခ်လက်အောက်မှာ လေ့ကျင့်ခန်းဆင်းရတာ ပင်ပန်းလွန်းတယ်လို့ ယူနိုက်တက်ဂိုးသမား ဒီဂီယာက ဖွင့်ဟလိုက်ပါတယ်။ ယူနိုက်တက်ကတော့ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ကို ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။ 

ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်ကတဆင့် ဒီဂီယာက ပြောဆိုခဲ့တာဖြစ်ပြီး "လေ့ကျင့်ကွင်းမှာ ပင်ပင်ပန်းပန်းနဲ့ ကြိုးစားလေ့ကျင့်ရပါတယ်၊ လေ့ကျင့်ခန်းအစီအစဉ်တိုင်းက အရမ်းပြင်းထန်ပါတယ်၊ သူ ရှိနေတဲ့အခိုက်အတန့်တိုင်းမှာ ပြင်းထန်နေတော့တာပဲ၊ လေ့ကျင့်ကွင်းမှာဖြစ်ဖြစ်၊ ကစားပွဲမှာဖြစ်ဖြစ် ခင်ဗျားက ရာနှုန်းပြည့်အားစိုက်ဖို့အတွက် လိုအပ်ပါတယ်၊ အခုမှ အစပဲရှိပါသေးတယ်၊ စောင့်ကြည့်ကြတာပေါ့"

"ရက်သတ္တပတ်အနည်းငယ်ပဲရှိသေးတာဖြစ်ပြီး လာမယ့်ကာလတွေမှာ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့၊ ကျွန်တော်တို့ ခွန်အားအပြည့်နဲ့လေ့ကျင့်နေတာဖြစ်ပြီး ဒါကို ပွဲကြီးတွေမှာပြသနိုင်ဖို့လည်း လိုအပ်ပါတယ်" လို့ ဆိုပါတယ်။ ယူနိုက်တက်ကတော့ ဒီနေ့ညမှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ကိုဗစ်ကြောင့် သူတို့ရဲ့ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းထားခဲ့ရပါတယ်


ရန်းဂ်နစ်ခ်လက်ထက်မှာ ယူနိုက်တက်က ၂ ပွဲကစားထားရာမှာ ၂ပွဲစလုံးအနိုင်ရရှိထားပြီး ပေးဂိုးလည်းမရှိခဲ့ဘဲ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ နောက်ခံလူဗာရာနီ နဲ့ တိုက်စစ်မှူးကာဗာနီတို့ ပြန်လည်ပါဝင်လာခဲ့တယ်လို့လည်း သိရပြီး ရော်နယ်ဒိုအပါအဝင် အဓိကကစားသမားအများစု ပွဲထွက်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ 

Share

က္က