ကမ္ဘာ့ဖလားအောင်ပွဲရရှိခဲ့ပြီးနောက် အလွန်ကောင်းမွန်တဲ့ စိတ်အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ အသင်းနဲ့ လေ့ကျင့်ရေးအစီအစဉ်အပြီးမှာ နေမာနဲ့ ဆက်ဆံရေးကို ဟာသဖောက်ခဲ့ပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ တောင်အမေရိကအသင်းကို ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ပဲရစ်ကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ တနင်္လာနေ့က အသင်း လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပြီး ကမ္ဘာ့ဖလားအောင်ပွဲရရှိခဲ့ပြီးနောက် အလွန်ကောင်းမွန်တဲ့ စိတ်အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက ၎င်းနဲ့ နေမာတို့ လေ့ကျင့်ရေး ပြုလုပ်နေတဲ့ ဓာတ်ပုံကို အင်စတာဂရမ် စတိုရီမှာ 'ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် သိပ်မသိကြဘူး'ဆိုတဲ့ စာသားနဲ့အတူ ရယ်မောနေတဲ့ အီမိုဂျီနဲ့ တင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာ ကာတာမှာ ကမ္ဘာ့ဖလားနဲ့ ရွှေဘောလုံးဆုကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး ၇ ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ အရှေ့အလယ်ပိုင်းကို ပီအက်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲမှာ သွင်းဂိုး ၁၂ ဂိုး၊ ဂိုးဖန်တီးမှု ၁၄ ကြိမ်နဲ့အတူ တောက်ပတဲ့ခြေစွမ်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နေမာကလည်း ၂၁ ပွဲမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီနဲ့ နေမာတို့ဟာ လာလီဂါမှာ ဘာစီလိုနာအသင်းအတွက် ကစားပေးခဲ့တဲ့အချိန်ကတည်းက အလွန်ရင်းနှီးတဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး ရှိခဲ့ကြတာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အာဂျင်တီးနားကြယ်ပွင့်က နူးကမ့်ကနေ ပဲရစ်ကို ပြောင်းရွှေ့လာချိန်မှာ ပြန်လည်ဆုံစည်းခဲ့ကြတာဖြစ်ပါတယ်။

Share

က္က