အဓိကကစားသမားတွေကို ပြန်လွှတ်လိုက်ရပြီလို့ ကြေညာခဲ့ပါတယ်။

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုဟာ နယ်သာလန်အသင်း စခန်းအတွင်း ရောဂါပိုး ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်၊ ဂျီဘရော်လ်တာတို့နဲ့ ကစားရမယ့် ပွဲစဉ်အတွက် လူစာရင်းထဲကနေ နုတ်ထွက်ခဲ့ရပါတယ်။

ဂက်ခ်ပိုအပါအဝင် ကစားသမား ၅ ဦးဟာ သောကြာနေ့ ပဲရစ်မှာ ပြင်သစ်နဲ့ယှဉ်ပြိုင်ကစားရမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲအဖွင့်ပွဲစဉ်မတိုင်ခင် လူစာရင်းထဲကနေ နုတ်ထွက်ခဲ့ရတာဖြစ်ပြီး ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်က ယနေ့မှာ ဂက်ခ်ပိုနဲ့ နယူးကာဆယ်လ် နောက်ခံလူ ဆဗင် ဘော့တ်မန်းတို့ဟာ ဒီလိုက်တ်၊ ဂျိုဝီ ဇီယာမန်း၊ ဗာ့တ် ဗာဘရုခင်တို့နဲ့အတူ လေ့ကျင့်ရေးစခန်းကို စွန့်ခွာသွားပြီဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က ဘယ်လို ဗိုင်းရပ်စ်မျိုး ကူးစက်ခံထားရလဲနဲ့ တခြား ဘယ်ကစားသမားတွေလည်း ကူးစက်ခံထားရလဲဆိုတာကိုတော့ နောက်ထပ် ထုတ်ပြန်ကြေညာမှုမျိုး ပြုလုပ်ထားခြင်း မရှိသေးတာဖြစ်ပါတယ်။

 

လက်ရွေးစင်အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ကစားသမားတွေရဲ့နေရာမှာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ရိုင်ယန် ဂရာဗင်ဘာ့ချ်၊ အင်တာနောက်ခံလူ စတီဖန် ဒီ ဖရေး၊ ဗိတက်စ်ဂိုးသမား ကယဲလ် စခဲပင်တို့ကို အစားထိုးခေါ်ယူထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က