အိန္ဒိယဖုန်းကုမ္ပဏီ Micromax ရဲ့ ဈေးသက်သာပြီး ဒီဇိုင်းဆွဲဆောင်မှုရှိတဲ့ Micromax In Note 2 သစ် ထွက်ရှိလာပါတယ်။
Micromax In Note 2 ဟာ ၂၀၂၀ မှာ ထွက်ခဲ့တဲ့ In Note 1 ကို ဒီဇိုင်းနဲ့ အတွင်းပိုင်း Features သစ်တွေ Upgrade လုပ်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ Punch-Hole စတိုင် AMOLED Display ၊ နောက်ဆုံးပေါ် iPhone စတိုင် Flat Edge ဘောင် နဲ့ Samsung Galaxy S စီးရီးဆန်တဲ့ ကျောဘက်ကင်မရာဖွဲ့စည်းပုံ ၊ 30W Fast Charging နဲ့ 48MP Main Sensor တို့ ကို တွေ့ရမှာပါ။
Photo: gizmochina
အနက်နဲ့ အညို ကာလာတွေနဲ့ လာတဲ့ ဒီဖုန်းဟာ ခေတ်ပေါ် နာမည်ကြီးဖုန်းအငွေ့အသက်တွေနဲ့ လွှမ်းခြုံနေတဲ့ ဖုန်းဖြစ်ပြီး Scree Size ၆.၄၃ လက်မ သုံးထားပါတယ်။ Punch-Hole AMOLED panel ဟာ FHD+ ရုပ်ထွက်ပါရှိပြီး တောက်ပမှုအဆင့်မှ အမြင့်ဆုံး 550 nits အထိ ပါရှိသလို အပေါ်မှာလည်း အကြမ်းခံ Gorilla Glass မှန် အုပ်ထားပါတယ်။ punch-hole ကင်မရာပေါက်ထဲမှာ 16MP Selfie ကင်မရာနဲ့ လာပါတယ်။
ကျောဘက်မှာ 48MP Main Sensor ၊ 5MP Ultra-Wide ၊ 2MP Macro Lens နဲ့ 2MP Depth Sensor ဆိုပြီး ကင်မရာ ၄ လုံး သုံးထားပါတယ်။ ဖုန်းလုံခြုံရေးအတွက် ဘေးဘောင်လက်ဗွေစနစ် တပ်ဆင်ထားပြီး 4G LTE ချိတ်ဆက်မှုနဲ့ လာပါတယ်။ အားသွင်းဖို့ USB-Type C Port နဲ့ သီချင်းနားထောင်ဖို့ 3.5mm Headphone Jack တို့လည်း ပါရှိပါတယ်။ Processor ပိုင်းမှာ MediaTek Helio G95 SoC နဲ့ လာပြီး RAM 4GB/64GB ပါရှိပါတယ်။
ဘက်ထရီပါဝါ 5000mAh အားဟာ 30W Fast Charging ကြောင့် အားလုံးဝ မရှိတဲ့အနေအထားကနေ ၅၀% အားဝင်ဖို့ ၂၅ မိနစ်နဲ့အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။ Micromax In Note 2 ကို ရူပီး ၁၃၄၉၀ (မြန်မာငွေ ၃ သိန်း ၂ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး သတ်မှတ်အချိန်အတွင်း အရင်ဆုံးဝယ်ယူသူကို ရူပီး ၁၂၄၉၀ (မြန်မာငွေ ၃ သိန်း) ခန့် ဈေးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။