GMS မပါတဲ့ ဖုန်းတစ်လုံးပါ

Huawei ရဲ့ sub-brand တစ်ခု ဖြစ်တဲ့ Honor ဟာ 5G processor သစ်နဲ့ တန်ဖိုးသင့်ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။

Honor 30S ဟာ ပရီမီယံမှန်နဲ့ အလူမီနီယံဒီဇိုင်းသုံးထားပြီး dual-mode 5G စနစ် သုံးထားပါတယ်။ ဖုန်း display ဟာ punch-hole အမျိုးအစားဖြစ်ပြီး ကျောဘက်ထောင်လိုက် စတုဂံကင်မရာကွက်ထဲမှာ L ပုံစံ ကင်မရာ sensor တွေ ပါရှိပါတယ်။ ကင်မရာဦးစားပေးတဲ့ ဖုန်းတစ်လုံး ဖြစ်တဲ့အတိုင်း Honor 30S ရဲ့ ကင်မရာစနစ်ကတော့ Impressive ဖြစ်စရာပါပဲ။



Photo: GSMArena


Quad-Camera setup ထဲမှာ 64MP main sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 8MP wide-angle ကင်မရာ ၊ 3x optical zoom နဲ့ 20x hybrid zoom ဆွဲရိုက်နိုင်မယ့် 8MP telephoto ကင်မရာနဲ့အတူ 2MP macro lens ကင်မရာဆိုပြီး ပါရှိပါတယ်။ရှေ့ဘက် Punch-hole ထဲမှာတော့ 16MP selfie ကင်မရာ သုံးထားပါတယ်။

ဖုန်းဘေးဘောင်မှာ fingerprint scanner တပ်ဆင်ထားပြီး screen size ၆.၅ လက်မ FHD+ IPS display လာမှာပါ။ ဒီဖုန်းဟာ Huawei ရဲ့ HiSilicon 820 5G SoC သစ်ကို ပထမဆုံး သုံးလာတဲ့ ဖုန်းဖြစ်ပါတယ်။ ဒီ processor ဟာ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ Kirin 810 SoC ထက် စွမ်းဆောင်ရည် ၂၇% သာလွန်ပြီး GPU Turbo ပါ Mali-G57 MC6 GPU သစ် သုံးထားပါတယ်။


Photo: Gizguide

ကင်မရာပုံရိပ်ပိုင်းမှာ flagship level စွမ်းဆောင်ရည်နဲ့ အဆင့်မြင့် noise reduction နည်းပညာ ပါတဲ့ Kirin ISP 5.0 Image Signal Processor (ISP) ပါလာပါတယ်။ RAM 8GB သုံးထားပြီး 128GB နဲ့ 256GB ဆိုပြီး storage option နှစ်ခု ထွက်ထားပါတယ်။ Google Mobile Services (GMS) ဝန်ဆောင်မှု မပါတဲ့ Android 10 အခြေခံထားတဲ့ Magic UI 3.1.1 စနစ်နဲ့ လာပါတယ်။

Honor 30S ဟာ 4000 mAh ဘက်ထရီနဲ့ လာပြီး 40W fast charging ပံ့ပိုးထားပါတယ်။ အနက် ၊ အပြာ ၊ အစိမ်း နဲ့ ရောင်ပြေးကာလာတွေနဲ့ ထွက်ထားပါတယ်။ 128GB storage ဗားရှင်းကို ၂၃၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၇ သောင်းခန့်) နဲ့ 256GB ဗားရှင်းအတွက် ၂၆၉၉ ယွမ် (မြန်မာငွေ ၅ သိန်း ၂ သောင်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က