ကွင်းဘေးက ကြည့်နေတဲ့ အသင်းဖော်ဂျက်ကိုဆိုရင် မျက်လုံးကြီးပြူးပြီး ကျန်နေခဲ့ရပါတယ်။

ယူရိုခြေစစ်ပွဲနဲ့ နိုင်ငံတကာခြေစမ်းပွဲတွေမှာ ဘယ်လ်ဂျီယံအတွက် ခြေစွမ်းပြခဲ့တဲ့ လူကာကူကတော့ မနေ့ညက ဖီအိုရင်တီးနားနဲ့ပွဲမှာ အသင်းဖော်တွေနဲ့ ပရိသတ်တွေ အကုန်လုံး ပါးစပ်အဟောင်းသားဖြစ်အောင်ကို လုပ်ပြသွားခဲ့ပါတယ်။ ပွဲကစားချိန် ၄၉ မိနစ်မှာ လူကာကူက အသင်းဖော်တွေပါ ခေါင်းငိုက်စိုက်ကျသွားစေမယ့် ဖြစ်ရပ်ကို ဖန်တိးခဲ့တာလည်းဖြစ်ပါတယ်။ 

အင်တာမီလန်က တိုက်စစ်ဆင်လာခဲ့ချိန်မှာ ဘယ်တောင်ပံကနေ ဂိုးရှေ့ကို ဖြတ်ပို့ပေးခဲ့တဲ့ ဘောလုံးကို လူကာကူက ဂိုးပေါက်နဲ့ ၃ ပေလောက်အကွာကနေ ပိတ်သွင်းယူခဲ့ရပါတယ်။ ဒါပေမယ့် ဂိုးပေါက်ကြီးကလလည်း အလွတ်ကြီးဖြစ်နေပြီး ဂိုးသမားကလည်း တဖက်မှာ ဒိုင်ဗင်ပစ်ဖမ်းပြီး ကာကွယ်နေလို့ ထပ်ဆင့်ဖမ်းနိုင်မှာမဟုတ်တော့တဲ့ အခြေအနေမှာ ဘောလုံးကိုထိလိုက်တာနဲ့ ဂိုးမယ့် အနေအထားကို လူကာကူ လွဲချော်ခဲ့ပါတယ်။ 



ဘယ်လိုမှကို ယုံကြည်နိုင်စရာမရှိတဲ့ မြင်ကွင်းဖြစ်ပြီး ၃ နှစ်သားကလေးတောင်မှ ပိတ်သွင်းနိုင်တဲ့ အနေအထားကို လွဲချော်ခဲ့တာလို့ ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။ ဘယ်လ်ဂျီယံအတွက် ၂ပွဲကစားကာ ၄ ဂိုးသွင်းပြီး ပြန်လာခဲ့တဲ့ လူကာကူက ဒီလိုအလုံးကို လွဲချော်ခဲ့တာက တကယ်ကို အံ့အားသင့်စရာကောင်းသလို ဒေါသထွက်စရာလည်း ဖြစ်ခဲ့ရပါတယ်။ 

သူ့ ကစားသမားဘ၀မှာ ဒီလိုလွဲချော်မှုတ​ွေကို မကြာခဏဆိုသလို လူကာကူက ရင်ဆိုင်နေခဲ့ရပြီး အခုချိန်ထိ ဒါကို မပြင်ဆင်နိုင်သေးတာဖြစ်ပါတယ်။ အင်တာကတော့ ဒီပွဲကိုလည်း ၁-၀ နဲ့ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ကာ နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး ၃ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဖြစ်နေကာ အဆင့် ၃ နေရာအတွက် ခြိမ်းခြောက်ခံနေရပြီဖြစ်ပါတယ်။ 

လူကာကူကတော့ အင်တာမှာ ဒုတိယအကြိမ်အဖြစ် အငှားလာကစားရာမှာ ခြေစွမ်းမပြနိုင်ဖို့ ရာသီကုန်မှာ ချယ်လ်ဆိးကို ပြန်သွားရမှာဖြစ်ပါတယ်။ ချယ်လ်ဆီးကလည်း သူ့ကို အပြီးသတ်ရောင်းချဖို့သာ ဆန္ဒရှိနေပြီး ကမ်းလှမ်းမယ့်အသင်းကို ရှာဖွေနေပါတယ်။ 

Share

Loading Next Article...
က္က