သေဆုံးနိုင်တဲ့ရောဂါပါ။

တိရစ္ဆာန်တွေကနေတဆင့် ကူးစက်တဲ့ လက်တိုစပိုင်ရိုးဆစ် ( Leptospirosis) ရောဂါ ကူးစက်ပြန့်ပွားနေတာကြောင့် အိမ်မွေးတိရစ္ဆာန်တွေကို စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနက ပြောပါတယ်။

Photo - PetMD

ယခုလို စစ်ဆေးမှုဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ ကူးစက်ရောဂါကင်းစင်တဲ့ ဂေဟစနစ်ဖွံ့ဖြိုးရေး အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

"ဒီရောဂါနဲ့ပတ်သက်ပြီး ဘယ်တိရစ္ဆာန်က ဖြစ်ပွားလဲဆိုတာကို စစ်ဆေးမှုပြုလုပ်ဖို့ပါ။ မွေးထားတဲ့ ခွေးတွေကို အရင်စစ်ဆေးဖို့ရှိပါတယ်။ တိရစ္ဆာန်ဆေးခန်းတွေမှာ စစ်ဆေးမယ်"လို့ စီမံကိန်းတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။ Leptospirosis ရောဂါဟာ အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုး ရောဂါလက္ခဏာနဲ့ ဆင်တူပြီး အသက်အန္တရာယ်ရှိပါတယ်။ ဒီရောဂါဟာ အိမ်မွေးတိရစ္ဆာန်တွေကတဆင့် လူကို ကူးစက်တတ်တဲ့ရောဂါဖြစ်ပါတယ်။

Leptospirosis ရောဂါကူးစက်ခံရတဲ့ လူနာတွေအနေနဲ့ ရောဂါကူးစက်ခံရရင် အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ ချမ်းတုန်တာနဲ့ ကိုယ်လက်မအီမသာဖြစ်သလို ကြွက်သား နာကျင်ကိုက်ခဲတာနဲ့ အော့အန်တာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အသားဝါတာ၊ မျက်လုံးနီရဲတာ၊ ဝမ်းဗိုက်အောင့်တာအပြင် ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားပေါ်မှာ အနီအစက်တွေ ပေါ်လာတတ်တဲ့ ရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်ပေါ်နိုင်ပြီး အသက်ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က