ချယ်လ်ဆီးပရိသတ်​တွေက ပြန်လှောင်ပြောင်ခဲ့ကြတာပါ။

ချယ်လ်ဆီးတိုက်စစ်မှူးလူကာကူကတော့ ပလိုင်းမောက်နဲ့ပွဲမှာလည်း ဂိုးပေါက်ထပ်မံပျောက်ဆုံးခဲ့ပြီး ရုန်းကန်နေရပြန်ပါပြီ။ ပေါင်သန်း ၁၀၀ ပေးပြိး ခေါ်ယူခံခဲ့ရတဲ့ လူကာကူဟာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၈ ဂိုးသာရရှိထားသေးပြီး အင်တာမီလန်မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ရရှိအောင် စတန်းဖို့ဒ်ဘရစ်ချ်မှာ အားထုတ်နေရတာဖြစ်ပါတယ်။ 

ချယ်လ်ဆီးအတွက် သူ နောက်ဆုံးဂိုးသွင်းယူပေးခဲ့တာကတော့ ဇန်နဝါရီလ ၈ ရက်နေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်ဖြစ်တဲ့ ချက်စတာဖီးလ်နဲ့ပွဲမှာဖြစ်ပါတယ်။ အဲဒီအချိန်ကနေ ဂိုးပေါက်ပျောက်နေခဲ့တာက ၁ လပြည့်တော့မှာဖြစ်ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးအတွက်တော့ အင်္ဂလန်မြေက အောင်မြေမဟုတ်ဘူးဆိုတဲ့ အယူအဆတွေလည်း ပိုမိုခိုင်မာလာခဲ့ပါတယ်။ 

စီးရီးအေနဲ့ ကစားဟန်ကွဲပြားခြားနားတဲ့ ပရီးမီးယားလိဂ်က သူနဲ့ ဘယ်လိုမှ အံမဝင်တာလည်း သေချာလာခဲ့ပါတယ်။ မနေ့က ပွဲမှာလည်း လူကာကူက အသင်းဖော်တွေကို လက်မ ထောင်ပြပြီးပဲ အချိန်ကုန်ခဲ့တယ်လို့ ပရိသတ်တွေက တွစ်တာပေါ်မှာ လှောင်ပြောင်ခဲ့ကြပါတယ်။ Dubios ဆိုတဲ့ ချယ်လ်ဆီးပရိသတ်တဦးက ပလိုင်းမောက်နဲ့ပွဲမှာ လူကာကူထက် ပိုပြီး လက်မ ထောင်ပြခဲ့တဲ့ ကစားသမားမရှိဘူးလို့ လှောင်ပြောင်ခဲ့ပါတယ်။ 


လူကာကူက သူ့ဆီပေးပို့လိုက်တဲ့ ဘောလုံး၊ ဖန်တီးပေးလိုက်တဲ့ ဘောလုံးတွေကို ကောင်းကောင်းအသုံးမချနိုင်ချိန်တိုင်း အသင်းဖော်ဘက်လှည့်ကာ လက်မ ထောင်ထောင်ပြလေ့ရှိသူဖြစ်ပါတယ်။ အဆိုပါ အမူအယာက မကြာခဏဆိုသလို မြင်တွေ့နေခဲ့ရတာဖြစ်ပြီး နောက်ဆုံးမှာတော့ ချယ်လ်ဆီးပရိသတ်တွေကိုယ်တိုင် သူတို့တိုက်စစ်မှူးကို လှောင်ပြောင်ပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်။ 

Share

က္က