ဒီလေ့ကျင့်ခန်းတွေကို သေချာလုပ်မယ်ဆိုရင် လက်မောင်းကအဆီတွေအမြန်ဆုံးကျသွားမှာပါ။

လက်မောင်းက အဆီတွေကြောင့် ကျစ်ကျစ်လစ်လစ်မရှိဘဲ ရွဲရွဲကြီးဖြစ်နေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေတယ်ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်လိုက်ပါနော်။ 



၁။ ဒူးထောက်ဒိုက်ထိုးလေ့ကျင့်ခန်း

Greatist.com

ပုံမှာပြထားတဲ့အတိုင်း ဒူးထောက်ပြီး ဒိုက်ထိုးတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ပုံမှန်ဒိုက်ထိုးလေ့ကျင့်ခန်းတွေထက် ပိုပြီး လက်မောင်းအဆီတွေကို ကျစေပါတယ်။ တစ်ခါပြုလုပ်လျှင် စက္ကန့် ၃၀ လောက် ပြုလုပ်နိုင်ပါတယ်။ 

၂။အလေးမလေ့ကျင့်ခန်း

refinery29.com

နောက်ထပ်လေ့ကျင့်ခန်းတစ်ခုက အလေးမတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ လက်မောင်းအဆီတွေတင်မက ဗိုက်အဆီတွေကိုပါ ကျစေတဲ့ လေ့ကျင့်ခန်းပါ။ အလေးတုံးမရှိဘူးဆိုရင် ၂လီတာ ရှိတဲ့အအေးဗူး ဒါမှမဟုတ် ရေသန့်ဗူး စတာတွေနဲ့ လေ့ကျင့်နိုင်ပါတယ်။ 

၃။ကတ်ကြေးပုံစံ လေ့ကျင့်ခန်း 

spotebi.com

ဒီလေ့ကျင့်ခန်းဟာတကယ်ကိုပျော်စရာကောင်းပြီးလက်မောင်းအဆီပိုများကိုလျင်မြန်စွာကျသွားအောင်ကူညီပေးပါလိမ့်မယ်။ လက်မောင်းအဆီကျရုံတင်မက ကိုယ်အလေးချိန်လည်း အမြန်ကျနိုင်တဲ့ လေ့ကျင့်ခန်းတွေထဲက တစ်ခုပါပဲ။ မတ်တပ်ရပ်အနေအထားနဲ့ လက်တွေကို ရှေ့ကို ဆန့်တန်းပြီး ကတ်ကြေးကို အဖွင့်အပိတ် ပြုလုပ်သလိုမျိုး ကစားရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ အကြိမ် ၃၀ လောက် ပြုလုပ်ပေးနိုင်ပါတယ်။ 

၄။စက်ဝိုင်းလေ့ကျင့်ခန်း 

spotebi.com

ခြေထောက်တွေကို ချဲထားပြီး ပခုံးတွေကို ဖွင့်ထားပါ။ လက်နှစ်ဖက်ကို စက်ဝိုင်းပုံစံ အရှေ့ဖက်ကို အကြိမ် ၅၀ လှည့်ပြီး နောက်ဖက်ကို အကြိမ် ၅၀ ထပ်လှည့်ပါ။ အလွတ်လှည့်လို့ရသလို အလေးထည့်ပြီး လှည့်လို့လည်း ရပါတယ်။ လက်မောင်းကို အဆီကျပြီး သွယ်လျလှပလာစေနိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ 

၅။ကောင်တာခုံအခြေပြုဒိုက်ထိုးလေ့ကျင့်ခန်း


betterme.world

လက်မောင်းကိုသာမကကျောကြွက်သားတွေကိုပါသန်စွမ်းစေသောထိရောက်တဲ့ လေ့ကျင့်ခန်းပါ။ ဒီလေ့ကျင့်ခန်းအတွက် ကောင်တာခုံနဲ့ ပုံစံတူ တစ်ခုခု (ဉပမာ - အမြင့်တူ ဗီရို) လိုအပ်ပါတယ်။ ပုံမှာ မြင်ရတဲ့ ပုံစံအတိုင်း လိုက်လုပ်နိုင်ပါတယ်။ ဒိုက်ထိုးတဲ့ ပုံစံမျိုးပဲ ဖြစ်ပြီး ဒိုက်ထိုးလေ့ကျင့်ခန်းကို မပြုလုပ်နိုင်သူတွေအဖို့ ဒီလေ့ကျင့်ခန်းလေးကို ပြုလုပ်နိုင်ပါတယ်။ နောက်ကျောကို တဖြောင့်တည်းထားပြီး ခြေထောက်တွေကိုလည်း ဟန်ချက်ညီအောင် ပြုလုပ်ထားရပါမယ်။ အကြိမ် ၂၀ ပြီးတိုင်း ခဏနားပြီး ၃ကြိမ်တိတိ (စုစုပေါင်း အကြိမ် ၆၀) နေ့စဉ်ပြုလုပ်သွားမယ်ဆို မကြာခင်မှာပဲ လက်မောင်းတင်းတင်းလေးတွေကို ပိုင်ဆိုင်လာပါလိမ့်မယ်။ 

အခုပြောပြခဲ့တဲ့ လေ့ကျင့်ခန်းတွေကတော့ လက်မောင်းအဆီတွေကို အမြန်ဆုံး မောင်းထုတ်နိုင်မယ့် လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ 

Ref:betterme.world



Share

Loading Next Article...
က္က