လက်ဖက်ရည်အေးတစ်ခွက်ကြောင့် ဖျားနာခြင်းကိုတောင်ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။

လက်ဖက်ရည်အေး(Ice Tea) တစ်ခွက်ဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် လန်းဆန်းတက်ကြွစေမယ့် ဖျော်ရည်မျိုးပါ။



ဒါပေမယ့် ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် လက်ဖက်ရည်အေးဟာ လူ့ခန္ဓာကိုယ်အတွက် မကောင်းတဲ့အချက်တွေပါဝင်နေပါတယ်။ စစ်တမ်းတွေအရ လက်ဖက်ရည်အေးတစ်ခွက်ကြောင့် ဖျားနာခြင်းကိုတောင်ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။ ဒီတော့ ဘာကြောင့် လက်ဖက်ရည်အေးကို မသောက်သင့်တာလဲဆိုတာကို လေ့လာကြည့်ရအောင်။

ကျောက်ကပ်ရဲ့အလုပ်တွေကို ထိခိုက်စေနိုင်

လက်ဖက်ရည်အေးတစ်ခွက်မှာ oxalic acid ဓာတ်အများအပြားပါဝင်ပြီး အလွန်အကျွံသောက်မိရင် ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်မှုရှိစေနိုင်ပါတယ်။ oxalic acid ဟာ ကျောက်ကပ်မှာအနည်ထိုင်ပြီး သွေးထဲကအညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ လုပ်ငန်းစဉ်ကို နှေးကွေးသွားစေနိုင်ပါတယ်။

Photo: Freepik

သကြားဓာတ်များပြားခြင်း

လက်ဖက်ရည်အေးတစ်ခွက်(၈အောင်စ)မှာ သကြားဓာတ် ၃၃ဂရမ်အထိပါဝင်ပါတယ်။ ဒီအခြေအနေက အချိန်ကြာလာတာနဲ့အမျှ သင့်ရဲ့ခါးကို ဒုက္ခပေးနိုင်ပါတယ်။

Photo: Freepik

ကယ်လိုရီများပြားခြင်း

လက်ဖက်ရည်အေးတစ်ခွက်မှာ ပါဝင်တဲ့ ကယ်လိုရီက သင်ထင်မှတ်ထားတာထက်ကို ပိုများပါတယ်။ သင်ရွေးချယ်တဲ့ လက်ဖက်ရည်အေးတံဆိပ်အပေါ်မူတည်ပြီး အနည်းဆုံးကယ်လိုရီ ၂၄၀ လောက်အထိပါဝင်ပါတယ်။

အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါ

သကြားပါတဲ့ လက်ဖက်ရည်(သို့) လက်ဖက်ရည်အေးတစ်ခွက်ကို နေ့စဉ်သောက်မယ်ဆိုရင် အဝလွန်ခြင်းနဲ့ အဆင့်(၂)ရှိတဲ့ဆီးချိုရောဂါဖြစ်စေနိုင်ပါတယ်။

အလွန်အကျွံသောက်ရင် လေဖြတ်စေနိုင်

လက်ဖက်ရည်အေးသောက်ခြင်းက သင့်ရဲ့သကြားစားသုံးမှုကိုတိုးလာစေနိုင်ပြီး triglyceride level ကိုမြင့်တက်စေပါတယ်။ ဒါကြောင့် လက်ဖက်ရည်အေးကို အလွန်အကျွံသောက်မယ်ဆိုရင် လေဖြတ်စေနိုင်ပါတယ်။

ကဖင်းဓာတ်များခြင်း

လက်ဖက်ရည်အေးတစ်ခွက်မှာ ကော်ဖီလောက်ကဖင်းဓာတ်မများဘူးလို့ ဆိုနိုင်ပေမယ့် ၈အောင်စတစ်ခွက်မှာ ကဖင်းဓာတ် ၄၇မီလီဂရမ်ပါဝင်ပါတယ်။ ဒါကြောင့် အလွန်အကျွံသောက်မယ်ဆိုရင် နှလုံးသွေးကြောစနစ်ကို ထိခိုက်စေပါတယ်။

Photo: Freepik

ကျောက်တည်စေနိုင်

လက်ဖက်ရည်အေးမှာ oxalates ကြွယ်ဝတာကြောင့် ကျောက်ကပ်မှာ ကျောက်တည်ဖို့ ပိုဖြစ်နိုင်ပါတယ်။ oxalates အများအပြားက ကယ်လ်စီယမ်နဲ့ပေါင်းပြီး ကျောက်ကပ်မှာသွားစုပုံကာ ကျောက်တည်ခြင်းကိုဖြစ်စေနိုင်တာပါ။

သံဓာတ်ချို့တဲ့စေနိုင်

လက်ဖက်ခြောက်မှာပါတဲ့ tannins က သံဓာတ်စုပ်ယူမှုကို ထိခိုက်စေပြီး သံဓာတ်ချို့တဲ့စေပါတယ်။ အထူးသဖြင့် အသီးအရွက်ကရတဲ့ သံဓာတ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

Ref: shefinds.com


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က