ဆီဗီလာအသင်းက တစ်ယောက်လျော့နဲ့ ဒုတိယပိုင်း မိနစ် ၃၀ လောက်ကစားခဲ့ရတာပါ။

ဆီဗီလာနဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂါနေ့ည ပွဲစဉ်ဟာ ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ မရှိခဲ့ဘဲ ကတ်တလန်အသင်းကြီးဟာ ပွဲအပြီးမှာတော့ ၁ ယောက်လျော့နေတဲ့အသင်းဆီက သရေ ၁ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။

ဆီဗီလာနောက်ခံကစားသမား ကွန်ဒေးအတွက်တော့ အင်္ဂါနေ့ညက ဘာစီလိုနာနဲ့ပွဲစဉ်မှာ မေ့ပစ်ချင်စရာ အိပ်မက်ဆိုးဖြစ်ခဲ့ပြီး ဂျော်ဒီ အယ်လ်ဘာရဲ့ မျက်နှာကို ဘောလုံးနဲ့ ပစ်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ရတာဖြစ်ပါတယ်။ ပြင်သစ်နောက်ခံလူမပါဝင်မှုကြောင့် ဆီဗီလာအသင်းဟာ အိမ်ကွင်းမှာ ဘာစီလိုနာအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်အောင် ကစားပြီး ရမှတ် ၁ မှတ်ကို ကျားကုတ်ကျားခဲ ရယူခဲ့ရတာဖြစ်ပါတယ်။



ဆီဗီလာအသင်းဟာ ပထမပိုင်း ၃၂ မိနစ်မှာ ရာကီတစ်ရဲ့ ထောင့်ကန်ဘောကနေတဆင့် အလက်ဇန်ဒရို ဂိုးမက်ဇ်ကန်သွင်းခဲ့တဲ့ ဂိုးကြောင့် ဦးဆောင်ဂိုး စတင်ရရှိခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် ပထမပိုင်းမပြီးဆုံးခင်မှာ ဒမ်ဘီလီရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ရော်နယ် အာရာအူဟိုက ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆီဗီလာအသင်းအတွက် ကံဆိုးမိုးမှောင်ကျမှုက ၆၃ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ၃ မှတ်အကွာကို တက်လှမ်းနိုင်စေမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရတာစြဖ်ပါတယ်။

ကွန်ဒေးဟာ ကွင်းဘေးစည်းနားမှာရှိနေတဲ့ အယ်လ်ဘာ၊ ဂါဗီတို့နဲ့ ဘောလုံးကို လက်ပစ်ဘောပေးဖို့အတွက် လုနေခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်မှာပဲ ဘာစီလိုနာနောက်ခံလူက ဆီဗီလာနောက်ခံကစားသမားကို ဒေါသထွက်စေမယ့် နောက်ကနေ တွန်းထိုးမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဂျူးစ် ကွန်ဒေးဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အရ လက်ပစ်ဘော မြှောက်ခွင့် ရရှိခဲ့ပေမယ့်လည်း အယ်လ်ဘာရဲ့ မျက်နှာကို ဘောလုံးနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ဘာစီလိုနာနောက်ခံကစားသမားဟာ မြေကြီးပေါ်ကို ချက်ချင်းပဲ လဲကျသွားခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ဟာ ဒိုင်လူကြီးရော စည်းကြပ်ဒိုင်ကပါ တိုက်ရိုက်မြင်ရတဲ့ ဖြစ်စဉ်ဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အချိန်ဆွဲမနေတော့ဘဲ အနီကတ်ထုတ်ပြခဲ့တာဖြစ််ပြီး ဆီဗီလာအသင်းဟာ ဒုတိယပိုင်း လက်ကျန် ပွဲကစားချိန် မိနစ် ၃၀ လောက်ကို ၁ ယောက်လျော့နဲ့ ကစားပြီး သရေ ၁ မှတ်ရရှိခဲ့တာ ကံကောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Share

က္က