အာမက်မူဆာကို​ခေါ်ခဲ့တုန်းက အကြွေးကို ပေးရမှာပါ။

ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ လက်စတာစီးတီးကို ပေးဖို့ကျန်နေသေးတဲ့ အကြွေးကြောင့် ကစားသမားသစ်တွေကို မှတ်ပုံတင်ခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။ လက်စတာနဲ့ အငြင်းပွားမှုတွေ ဖြစ်လာခဲ့တဲ့နောက်မှာ ဖီဖာက အယ်လ်နာဆာကို ကစားသမားသစ်မခေါ်ယူဖို့ တားမြစ်လိုက်ပြီး ဒါဟာ ဆော်ဒီကလပ်အတွက်တော့ အနည်းနဲ့အများ စိတ်ပျက်စရာ ဖြစ်လာရပါတယ်။ 

အယ်လ်နာဆာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ရော်နယ်ဒိုကို ခေါ်ယူခဲ့ပြီး လာမယ့်ရာသီအတွက်လည်း အခုဆိုရင် အင်တာမီလန်ကွင်းလယ်လူ ဘရိုဇိုဗစ်ကို ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ်ကစားသမားသစ်တွေ ခေါ်ယူဖို့လည်း သူတို့က ကြိုးပမ်းနေပေမယ့် လက်စတာကို အကြွေးဆပ်ပြီးမှသာ ခေါ်ယူကာ၊ မှတ်ပုံတင်ခွင့်ရတော့မှာပါ။ 

၂၀၁၈တုန်းက သူတို့ဟာ လက်စတာကစားသမား အာမက်မူဆာာကို ပေါင် ၁၄ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒီနောက် မူဆာအတွက် ပေးချေရမယ့် အပိုဆုကြေးငွေနဲ့ အခြားခံစားခွင့်တွေအရ ပေါင် ၄ သိန်းအထိ လက်စတာက ရရှိဖို့ ကျန်ရှိနေပြီး အယ်လ်နာဆာက မပေးချေရသေးဘူးလို့ ဆိုပါတယ်။ 

ဖီဖာရဲ့ တားမြစ်မှုမှာ အပြောင်းအေရွှေ့ရာသီ ၃ ခုအထိ သက်ဆိုင်မှာဖြစ်ပြိး အယ်လ်နာဆာပိုင်ရှင်တွေကတော့ တားမြစ်ချက်ကို ရုတ်သိမ်းပေးဖို့အတွက် လက်စတာကို ပေးရမယ့် ငွေကြေးအားလုံးကို ချက်ချင်းပေးမယ်လို့ အခိုင်အမာပြောဆိုကာ တုံ့ပြန်ခဲ့ပါတယ်။ 

မူဆာဟာ လက်စတာကို ကလပ်စံချိန်တင်ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး ထင်မှတ်သလောက် ခြေစွမ်းမပြနိုင်ခဲ့လို့ ရုရှားကလပ် CSKA ကို အငှားနဲ့ သွားကစားခဲ့ပြီး အဲဒီက ပြန်ရောက်လာပြီးနောက် အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၆၂ ပွဲအထိ သူက ဆော်ဒီကလပ်အတွက် ကစားပေကးခဲ့ကာ ၁၄ ဂိုးသွင်းပေးခဲ့ပြီး လက်ရှိမှာ တူရကီကလပ် Fatih မှာ ကစားနေပါတယ်။ 

Share

က္က