ချစ်သူက ဘယ်သူလဲဆိုတာစိတ်ဝင်စားနေကြပါပြီ။

အဆိုတော်နီနီခင်ဇော်က ချစ်သူရဲ့လက်ထပ်ခွင့်တောင်းခံမှုကို လက်ခံလိုက်တယ်ဆိုတဲ့အကြောင်းကို သူမရဲ့ဆိုရှယ်မီဒီယာစာမျက်နှာထက်ကနေ ပရိသတ်ကိုအသိပေးလာခဲ့ပါတယ်။


Photo-Ni Ni Khin Zaw FB

အဆိုတော် နီနီခင်ဇော်က သူမရဲ့ပရိသတ်တွေအတွက် သီချင်းတွေကို အဆက်မပြတ်ဖန်တီးချပြနေလေ့ရှိပေမယ့်လည်း ယခုနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ခပ်ကျဲကျဲသာမြင်တွေ့နေရတာဖြစ်ပါတယ်။ 

ဒီကနေ့မှာတော့ ချစ်သူလက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်ပြီဆိုတဲ့အကြောင်းကို ရုတ်တရက်အသိပေးလိုက်တာ‌ကြောင့် ပရိသတ်တွေအံ့သြဝမ်းသာခဲ့ရပါတယ်။ 

"ပန်းကလေးတပွင့်ဟာ တန်ဖိုးထား ယုယစွာနဲ့ ပျိုးထောင်တတ်တဲ့ဥယျာဉ်မှူးလက်ထဲ လှပစွာဖူးပွင့်နေတော့မှာပါI said YES❤️"ဆိုတဲ့စာသားလေးနဲ့အတူ ချစ်သူအမျိုးသားလောင်းပုံကိုတော့ဖော်ပြထားခြင်းမရှိတာကြောင့် အဆိုတော်နီနီခင်ဇော်ရဲ့ချစ်သူဟာ ဘယ်သူဖြစ်မလဲဆိုတာကိုတော့ အားလုံးကစိတ်ဝင်စားနေကြပြီပဲ ဖြစ်ပါတယ်။ 


Photo-Ni Ni Khin Zaw FB

အဆိုတော်နီနီခင်ဇော်ကတော့ အချစ်ရေးကို လူသိရှင်ကြားဖွင့်ဟလေ့ရှိသူတစ်ဦးမဟုတ်ပေမယ့်လည်း သူမရဲ့မင်္ဂလာသတင်းလေးကို အားလုံးသိအောင် ပြောပြလာတာ ဖြစ်ပါတယ်။ဖေ့စ်ဘွတ်စာမျက်နှာထက်က ပုံလေးထဲမှာ လက်ဝါးချင်းထိကပ်ထားပြီး သူမရဲ့လက်မှာ လှပတင့်တယ်စွာရောက်ရှိနေတဲ့ လက်စွပ်လေးကို ဖော်ပြထားပေးမယ့် ချစ်သူရဲ့မျက်နှာကိုတော့ လက်ဝါးရဲ့နောက်မှာ ပဟေဠိဆန်ဆန် ကွယ်ဝှက်ထားဆဲပါ။

နီနီက မင်္ဂလာသတင်းကို ရုတ်တရက် အသိပေးလိုက်တာကြောင့် အားလုံးက အံ့သြသွားကြပြီး အနုပညာအသိုင်းအဝိုင်းက သူတွေအပြင် ပရိသတ်တွေကပါ ဂုဏ်ပြုစကားဆိုထားကြတာကိုတွေ့ရပါတယ်။ 

Photo-Ni Ni Khin Zaw FB


နီနီခင်ဇော်ဟာ သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိထားပါတယ်။ နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှုများစွာကို ပိုင်ဆိုင်ထားတဲ့ ဝါရင့်အဆိုတော်တစ်ယောက်ဖြစ်လို့နေပါပြီ။


Share

Loading Next Article...
က္က