လက်ထပ်တဲ့အချိန်က ပရိသတ်တွေကို အသိပေးမှာပါ။

ချစ်သူများနေ့တုန်းက Gym ဆရာနဲ့ သူငယ်ချင်းတွေ ကျွေးတဲ့ ချောကလပ်လေးပဲ စားခဲ့ရတယ်ဆိုတဲ့ သရုပ်ဆောင် အောင်ရဲလင်းက လက်ရှိ အချစ်ရေးနဲ့ ပတ်သက်ပြီးပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပါ။

Photo: အောင်ရဲလင်း FB

အချစ်ရေးသတင်းတွေ မကြာခဏ ဆိုသလို ထွက်ထွက်လာတတ်တဲ့ သရုပ်ဆောင် အောင်ရဲလင်းက ချစ်သူရည်းစား ထားတဲ့အချိန်မှာ ပရိသတ်တွေကို အသိမပေးချင်ပေမယ့် တကယ် အိမ်ထောင်ပြု၊ လက်ထပ်တော့မယ့် အချိန်ကျရင်တော့ ပရိသတ်တွေကို အသိပေးသွားမှာပါလို့ ပြောပါတယ်။ ဒါကလည်း တစ်ဖက် မိန်းကလေးကို ထိခိုက်နစ်နာမှာ ဆိုးတာကြောင့် ဖြစ်ပြီး သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ လျှို့ဝှက်ထားခြင်းမျိုး မဟုတ်ပါဘူးလို့ သူက ပြောပြခဲ့ပါသေးတယ်။

“အိမ်ထောင်ပြုဖို့က အသက်အရွယ် တစ်ခုလည်း ရလာပြီ ဖြစ်တဲ့အတွက် ကျွန်တော် ယူတဲ့ အခါကျရင် လက်ထပ်တဲ့ အချိန်ကျရင် ပရိသတ် တွေကို အသိပေးမှာပါ။ ချစ်သူရတဲ့ အချိန်မှာ မပြောဘူး ဆိုတာက တစ်ခုပါပဲ တစ်ဖက်က မိန်းကလေးဆိုတော့ ကျွန်တော်တို့က ရေရှည်တည်တံ့ မှာလား မတည်တံ့ဘူးလား ဆိုတာကလည်း အများကြီး တွေးရတယ်။ ကျွန်တော်က ပြသနာမရှိဘူး ကျွန်တော်က အမြဲတမ်း သတင်းထွက်နေတဲ့ သူဆိုတော့ ဘာမှ မဖြစ်ပေမယ့် တစ်ဖက်မိန်းကလေးကိုကျ‌တော့ ပြန်ကြည့်ရတာတွေ ရှိတယ်။ ကိုယ့်ကြောင့် နာမည်လည်း မပျက်စေချင်ဘူး။ ထိလည်း မထိခိုက်စေချင်ဘူး ဆိုတော့ ဒါကြောင့် အေးဆေးနေတာပါ။ တခြား လျှို့ဝှက်ထားခြင်းဆန္ဒ မရှိပါဘူး။ မိန်းကလေးဆိုတော့မိဘအသိုင်းအဝိုင်းရှိတော့ ကိုယ့်ဘက်က အတက်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနေရတာပေ့ါ “ ဆိုပြီး သူ့ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပါ။

Photo: အောင်ရဲလင်း FB

ဆက်လက်ပြီးတော့လည်း ချစ်သူများနေ့က အမှတ်တရနဲ့ တချို့ကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။”တကယ်ဆို ချစ်သူများနေ့က ကျွန်တော် ချောကလပ် မစားရဘူး။ Gym ရောက်တော့မှ Gym ဆရာက ချောကလပ်တုန်းလေး ကျွေးလို့ စားရတာ။ အိမ်ရောက်တော့လည်း အိမ်က သူငယ်ချင်းတွေနဲ့ ကလေးတွေ ကျွေးလို့ ချောကလပ်စားခဲ့ ရတာပါ။ ချစ်သူများနေ့တော့ ဘာမှ ထွေထွေထူးထူး မရှိခဲ့ပါဘူး” ဆိုပြီး ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။

သူအနေ့နဲ့ အိမ်ထောင်ပြုဖို့ အသက်အရွယ် တစ်ခုရောက်ရှိနေတာ သိပေမယ့် တစ်ယောက်တည်း လွတ်လွတ်လပ် လပ်နေရတဲ့ ဘဝလေးကို ကြိုက်နှစ်သက်နေတုန်းလို့ ဆိုပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ တကယ် ချစ်ရတဲ့ မိန်းကလေးမျိုး၊ သူ့ကို တကယ် ချစ်တယ်လို့ ထင်ရတဲ့ မိန်းကလေးမျိုးနဲ့ တွေ့ရင်တော့ အိမ်ထောင်ပြုမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အောင်ရဲလင်းကတော့ လက်ရှိမှာ ကြော်ငြာ ရိုက်ကူးရေးလေးတွေ လုပ်ဖြစ်နေသလို မကြာခင်မှာလည်း ပရိသတ်တွေအတွက် ဓာတ်ပုံအသစ်လေးတွေ တင်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

Photo: အောင်ရဲလင်း FB

 ချောမောခန့်ညားလွန်းတဲ့ပုံစံနဲ့ မိန်ကလေးပရိသတ်ရဲ့ ပရိသတ် အသဲစွဲ မင်းသား အောင်ရဲလင်းက သူ့ကိုယ်သူတော့ ရင်ခုန်စရာကောင်းတဲ့ သူတစ်ယောက်လို့ မထင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြော တတ်သူဖြစ်တာကြောင့် ရိုမန့်တစ် ဆန်တတ်တဲ့ လူမဟုတ်ဘူးဆိုပြီးတော့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ သိရှိ အားပေးလာကြတာဖြစ်ပါတယ်။ ဒါ့အပြင် ကြော်ငြာတွေ၊ ပြက္ခဒိန်တွေလည်း ရိုက်ကူးထားသူ တစ်ယောက်ပါ။ အချစ်ရေးသတင်းတွေ မကြာခဏ ထွက်လာပေမယ့်လည်း သူ့ရဲ့ အိမ်ထောင်ဖက်က ဘယ်လို မိန်းကလေးမျိုးဖြစ်မယ်ဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြတာကိုလည်း တွေ့ရပါတယ်။

 

Share

Loading Next Article...
က္က