ဆဲဘာ့ဂျ်နဲ့ပွဲမှာ ဟက်ထရစ်ရယူနိုင်ခဲ့မှုက လီဝန်ဒေါစကီးကို ချန်ပီယံလိဂ်သမိုင်းမှာ အမြန်ဆုံးဟက်ထရစ်ရရှိသူဖြစ်လာစေခဲ့ပါတယ်။ ပိုလန်တိုက်စစ်မှူးက ၁၁ မိနစ်အတွင်းမှာ ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပြီး ဘိုင်ယန်ကို သက်တောင့်သက်သာနဲ့ နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ဒီပွဲမှာပဲ သူက များပြားလှတဲ့ စံချိန်မှတ်တမ်းတွေကိုပါ ရယူသွားခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးဟာ ဂတ်မူလာရဲ့ ဥရောပသွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သလို ၇ ရာသီဆက်တိုက် ပြိုင်ပွဲစုံသွင်းဂိုး ၄၀ နဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့မှတ်တမ်းကိုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ သူ့ရဲ့ချန်ပီယံလိဂ်သွင်းဂိုးက ၁၀ ဂိုးအထိရှိလာခဲ့ပြိဖြစ်ကာ ချန်ပီယံလိဂ်ဂိုးသွင်းဘုရင်ဆုကိုပါ ထပ်မံရယူနိုင်ဖို့အတွက် အခြေအနေကောင်ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။
အသက်ကြီးလာလေပိုပြိးခြေစွမ်းပြလာလေဖြစ်နေတဲ့ လီဝန်ဒေါစကီးက လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးက သူကလွဲပြီး ဘယ်သူမှမရှိဘူးဆိုတာကိုပါ သက်သေထပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ အကျပိုင်းရောက်လာချိန်မှာ လီဝန်ဒေါစကီးက ကစားသမားဘ၀အကောင်းဆုံးခြေစွမ်းတွေကို ပြသနေတာဖြစ်ပြီး ကျန်ကစားသမားတွေထက် အပြတ်အသတ်ကို သာလွန်နေခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာ သူက ၃၅ ပွဲသာ ကစားပေးထားပြီး ၄၂ ဂိုးအထိ ရရှိထားလို့ တပွဲကို တဂိုးနှုန်းပုံမှန်ရယူနေတာလည်းဖြစ်ပါတယ်။ ဘိုင်ယန်ကတော့ ဆဲဘာ့ဂျ်ကို နှစ်ကျော့ပေါင်းရလဒ် ၈-၂ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ကာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေတာက အကြောင်းမဲ့မဟုတ်ဘူးဆိုတာကိုလည်း ပြသနိုင်ခဲ့ပါတယ်။