ဒီဘရိုင်းက ပရိသတ်တွေဆီ မသွားဖို့ တားမြစ်ခဲ့တာပါ။

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းခေါင်းဆောင် ဒီဘရိုင်းက ယူကရိန်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ယူရိုအုပ်စုနောက်ဆုံးပွဲအပြီးက လုပ်ရပ်တစ်ခုကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်ပြစ်တင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဘယ်လ်ဂျီယံက ယူရိုမှာ အုပ်စုဒုတိယသာရရှိခဲ့တာပါ။



(၃) ပွဲကစား၊ (၁) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၁)​ ပွဲရှုံး ရလဒ်ထွက်ပေါ်ခဲ့ပြီး ရမှတ် (၄) မှတ်နဲ့ ရိုမေးနီးယားရဲ့နောက် အုပ်စုဒုတိယ ရရှိခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံရဲ့ခြေစွမ်းကလည်း ပြိုင်ပွဲတစ်လျှောက် အားရစရာမကောင်းခဲ့ဘဲ ဒီဘရိုင်းကိုယ်တိုင်ကလည်း စိတ်ပျက်ဖွယ်ရာ ကစားပုံကို ပြသခဲ့တာပါ။

အဲ့ဒါကြောင့်လည်း ဘယ်လ်ဂျီယံပရိသတ်တွေကပါ သူတို့အသင်းကို ပြန်လည်လှောင်ပြောင်ခဲ့ကြတာဖြစ်ပြီး ဒီဘရိုင်းကလည်း အသင်းဖော်တွေကို ပရိသတ်တွေဆီ သွားရောက်မနှုတ်ဆက်ဖို့ ပြောဆိုခဲ့ပါတယ်။ ကစားသမားတွေက ပွဲအပြီးမှာ ကွင်းအတွင်း လာရောက် အားပေးတဲ့ ပရိသတ်တွေကို နှုတ်ဆက်ဖို့ သွားခဲ့ပေမယ့် ဒီဘရိုင်းက တားမြစ်ခဲ့တာပါ။

ဒီဘရိုင်းရဲ့ ဒီလုပ်ရပ်အပေါ် ပရိသတ်တွေက ဒေါသပေါက်ကွဲနေကြပြီး ပြစ်တင်ဝေဖန်နေကြပါတယ်။ ဘယ်လ်ဂျီယံဟာ နောက်တစ်ဆင့်အတွက် လမ်းကြောင်းမှာ ဂျာမနီ၊ စပိန်၊ ပေါ်တူဂီတို့နဲ့ ကျရောက်သွားခဲ့ပြီး ရှုံးထွက်အဆင့်မှာလည်း ပြင်သစ်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က