မြားပစ်အောင်ပွဲခံဟန်နဲ့ ပြဿနာတက်ခဲ့ဖူးကြတာပါ။

အင်္ဂလန်လက်ရွေးစင် ကစားသမား မက်ဒီဆန်ဟာ မနေ့ညက ထုတ်ပြန်လိုက်တဲ့ အင်္ဂလန်ရဲ့ ယူရို-၂၀၂၄ အတွက် အပြီးသတ် ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ ဆောက်ဂိတ်က မနေ့ညကပဲ အပြီးသတ် ကစားသမားစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။



ဒါပေမယ့်လည်း ဒီစာရင်းမှာ မက်ဂွိုင်းရား၊ မက်ဒီဆန်၊ ကာတစ်ဂျုံးစ်၊ ဘရန့်ဝိတ်၊ ကွန်ဆာချ်နဲ့ ထရက်ရှ်ဖို့ဒ်တို့ ပြုတ်ကျန်ခဲ့တာပါ။ မက်ဒီဆန်ဟာ ပြီးခဲ့တဲ့ရာသီက စပါးအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး အင်္ဂလန်ရဲ့ ယူရိုဆန်ခါတင် လူစာရင်းမှာလည်း ပါဝင်ခဲ့တာပါ။

ဂျာမနီကို သွားရောက်မယ့် အပြီးသတ် ကစားသမားစာရင်းမှာတော့ မက်ဒီဆန်က ပါဝင်လာခြင်း မရှိတဲ့အပြင် ပြိုင်ဘက်ကစားသမား မော်ပေး လှောင်ပြောင်တာကိုလည်း ခံလိုက်ရသေးတာပါ။ မက်ဒီဆန် အင်္ဂလန်ရဲ့အပြီးသတ် လူစာရင်းကနေ ပြုတ်ကျန်ခဲ့ချိန်မှာ မော်ပေးက မြားပစ်ဂိမ်းနဲ့ပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်လျှောက်လုံး မြားပစ် အောင်ပွဲခံဟန်နဲ့ပတ်သက်လို့ ပြဿနာတက်ခဲ့ကြတဲ့ ကစားသမားတွေလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အခုချိန်မှာ မက်ဒီဆန်ကို မော်ပေးက အချိန်ကိုက် လှောင်ပြောင်ခဲ့တာလည်း ဖြစ်နိုင်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က